နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ရက်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေရင်း နယ်မြေထိန်းချုပ်နိုင်ရန်နှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောကျီးကန်း စစ်ကြောင်း အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် ခဲယမ်းများ လိုအပ်နေကြောင်း သတင်းရရှိသည်။

လွတ်မြောက်နယ်မြေမှ တစ်ဆင့် မြို့ပြအထိ စစ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည့် စားနက်ရိက္ခာ၊ ဆေးဝါးနှင့် ခဲယမ်းများ ဝယ်ယူထုတ်လုပ်နိုင်ရန် ပြည်တွင်း ပြည်ပမှ စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြရန် တေားကျီးကန်းစစ်ကြောင်း (Saven Rvens Column ) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျွန်တော်တို့ အသက်တွေ စတေးထားပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အစိုးရကလည်း လက်နက်အချို့ကို တပ်ဆင်ပေးထားပါပြီ။ နိုင်ငံအနှံရှိတဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်ချေမှုန်းနေတာကြောင့် လိုအပ်မှု့တွေ ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်အာဏာရှင် အမြစ်ပြတ်အောင် ချေမှုန်း တိုက်ထုတ်ချင်နေပါပြီ။ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ကို အပြီးပြတ်ခြေမှုန်းသုတ်သင်နိုင်အောင် တတ်နိုင်သလောက်လေး ပါဝင်ကူညီလိုစေချင်တာဖြစ်ပြီး စားနပ်ရိက္ခာ ဆေးဝါးနဲ့ ခဲယမ်းဝယ်ယူနိုင်ရေးအတွက် ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တောကျီးကန်း စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ က ဧရာဝတီတိုင်းကိုပြောသည်။

တောကျီးကန်းစစ်ကြောင်းသည် မဟာမိတ် တော်လှန်ရေးအင်းအားစုများနှင့် တွဲဖက်ကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီ တိုင်းအတွင်းရှိ စစ်ကောင်စီ စစ်ကြောင်းများ၊ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများနှင့် စစ်ရေးပစ်မှတ်များအား တိုက်ခိုက်နေသည့် စစ်ကြောင်းလည်း ဖြစ်သည်။

တောကျီးကန်းစစ်ကြောင်းသည် ဇူလိုင်လ (၂၄)ရက် နေ့မှ (၂၇)ရက် အတွင်း စစ်ကောင်စီတပ်များနှင့် ငါးကြိမ် ထိပ်တိုက် တိုက်ပွဲများဖြစ်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး သြဂုတ်လ ပထမပတ်မှ စတင်ပြီး မြို့ပြရှင်းလင်းရေးနှင့် မြို့ပြတိုက်ပွဲများကို ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ _( ပေးပို့) တောကျီးကန်းစစ်ကြောင်းစစ်ရေးလှုပ်ရှားမှုပုံရိပ်များ

#တော်လှန်ရေး #အရှိန်မြှင့်နိုင်ရေး #စားနပ်ရိက္ခာ #ခဲယမ်းများ #ပြည်သူများ #ပါဝင်လှုဒါန်းပေးကြရန် #တောကျီးကန်းစစ်ကြောင်း #မေတ္တာရပ်ခံ #Ayeyarwaddy_Times