
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသော စခန်းမှူးကို လက်ပစ်ဗုံးနှင့်ပစ်ခဲ့သည့် လူငယ်များအား ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သတင်း ရရှိသည်။
အသုတ်မြို့ ရှိ မိုးစက်၀တီ လက်ဖက်ရည်ဆိုင်တွင် စခန်းမှူးထိုင်နေစဥ် လက်ပစ်ဗုံး နှင့် အပစ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုမရှိခဲ့ပဲ စစ်ကောင်စီတပ် နှင့်ရဲတပ်ဖွဲ့ကသေနတ်နှင့် လိုက်လံပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ဗုံးနဲ့ပစ်ပြီးပြေးတယ်လို့ ကြားတယ်။ ဗုံးက မကွဲလို့ အဲ့စခန်းမှူး ကံကောင်းသွားတာ။ စစ်သားနဲ့ရဲ တွေ သေနတ်တွေနဲ့လိုက်ပစ်ကြတာ ၁၆ချက်လောက်ရှိတယ်။ သေနတ်သံတွေကို တစ်မြို့လုံးကြားရတဘ်။ ဗုံးလာပစ်တဲ့လူငယ်တွေတော့ လွတ်သွားကြတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
အဆိုပါ လက်ပစ်ဗုံးပစ်ခတ်မှုနှင့် ပတ်သတ်ပြီး ဧရာဝတီတိုင်းမ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခတ်မှု့နှင့် ပတ်သက်ပြီး အသုတ်မြို့အတွင်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ က လူငယ် ခုနှစ်ဦးထက် မနည်းကို ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ဒေသခံများကပြောသည်။
#အသုတ်မြို့ #လက်ဖက်ရည်ဆိုင်ထိုင်နေသည့် #စခန်းမှူး #လက်ပစ်ဗုံး #ပစ်ခတ်ခဲ့သူ #ပစ်ခတ်ဖမ်းဆီး #လွတ်မြောက်သွား #Ayeyarwaddy_Times