
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ဒီလနှောင်းပိုင်းမှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လုံခြုံ ရေးကောင်စီ အစည်းအဝေးတွေကိုတက်ရောက်ဖို့ နယူးယောက်မြို့တော်သို့ သွားရောက်မယ်လို့ သိရပါတယ်။
ယူကရိန်းအရေး ဆွေးနွေးဖို့ စက်တင်ဘာလ ၂၀ ရက်မှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်မယ်လို့ ကုလ သမဂ္ဂဆိုင်ရာ အယ်လ်ဘေးနီးယား သံအမတ်ကြီး ဖာရက်ဟိုဇာက စက်တင်ဘာလ ၁ ရက်မှာ သတင်းထောက် တွေကို ပြောပါတယ်။
အယ်လ်ဘေးနီးယားနိုင်ငံက စက်တင်ဘာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌ အဖြစ် တာဝန်ယူထားရပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီး နယူးယောက်မြို့တော်ကိုလာရောက်မယ်လို့ သူက အတည်ပြုနိုင်ပြီး ဇီလန် စကီးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ကြား အစည်းအဝေးတစ်ရပ်ကျင်းပဖို့ စီစဉ်ထား တယ်ဆိုတာ သိရတယ်လို့ ဟိုဇာက ပြောပါတယ်။
ဇီလန်စကီးက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းတစ်ခု ပြောကြားမှာဖြစ်ပြီး အထွေထွေညီလာ ခံရဲ့အစီအစဉ်အရ စက်တင်ဘာလ ၁၉ ရက်မှာပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားသို့ ဇီလန်စကီးတက်ရောက်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှ ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဇီလန်စကီးက ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်မှု ဖြစ်လာမှာဖြစ် ပါတယ်။
ယခင်ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေကို ဇီလန်စကီးက အွန်လိုင်းကနေသာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေဟာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲ မှာ တက်ကြွသော သံခင်တမန်ခင်းကို ပြုလုပ်ကြမယ်လို့ မျှော်မှန်းရပါတယ်။
ကိုးကား – NHK
Ref; Zelenskyy expected to attend UN meetings in New York in person