
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
ကချင်ပြည်နယ်၊ ရွေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ တွင် အထိုင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ခြေလျှင်တပ်ရင်း ၇၇ အထိုင်တပ်နှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း မြို့လှ (K-PDF) အဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်က အဆိုပါစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲကြာချိန် ၃ နာရီနီးပါးဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီဘက်က စစ်ကူရောက်ရှိလာခြင်းကြောင့် စခန်းအားမသိမ်းပိုက်တော့ဘဲ လက်နက်ခဲယမ်းများ ရယူ၍ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က စစ်ကူ လေယာဥ် မြစ်ကြီးနားဘက်က ထွက်လာတာ သတင်းရလို့ သိမ်းလို့ရနေတဲ့ စခန်းကို မသိမ်းဘဲ သေနတ်နဲ့ ခဲယမ်းတွေကိုပဲ သယ်ပြီးအောင်မြင်စွာ ဆုတ်ခွာလာတာပါ။ အရှင်တစ်ယောက် ဖမ်းမိတယ်။ အသေ ငါး ယောက် ” ဟု မြို့လှ (K-PDF)တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခလရ ၇၇ အထိုင်တပ်ကို တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ငါးဦး သေဆုံးကာ ခြောက် ဦးဒဏ် ရာ ရရှိပြီး အရှင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့လှ K-PDF အဖွဲ့ထံမှ သိရသည်။
ထိုတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က နံနက် ၇ နာရီကျော်မှစတင်ပြီး တိုက်လေယာဉ်ဖြင့် နှစ် ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် သုံး ကြိမ် ကျောက်ကြီးရွာ အနီးတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ-မြို့လှ PDF အဖွဲ့မှ တိုက်ခိုက်ရရှိခဲ့သည့် MA 1 တစ်လက်နှင့် လက်နက်ခဲယမ်းများ
#ကချင် #ရွှေကူ #ကျောက်ကြီး #ရဲစခန်း #ခလရ ၇၇ #မြို့လှK-PDF #စစ်ကောင်းစီတပ် #၅ဦသေ
#Ayeyarwaddy_Times