
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျှံနာ သက်ဆင်ရှင်နာဝပ်ထရာက လွတ်ငြိမ်းချမ်းသာခွင့် တင်ပြပြီးနောက် ထိုင်းဘုရင်က သူ့ရဲ့ပြစ်ဒဏ်ကို ၈ နှစ်ကနေ တစ်နှစ်အထိ လျှော့ချပေးလိုက်တယ်လို့ တော်ဝင်အမိန့်ပြန်တမ်းက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး နိုင်ငံရေးသမားဖြစ်သူ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေရာမှ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြည်တော်ပြန်လာပြီးနောက် ထောင်ဒဏ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံကို ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းနဲ့ ပြန်ရောက်လာပြီး အာဏာရှိစဉ်က အာ ဏာအလွဲသုံးစားမှု၊ အကျိုးစီးပွားပဋိပက္ခ စွပ်စွဲချက်တွေကြောင့် ထောင်ဒဏ် ၈ နှစ်ကျခံဖို့ သူ့ကို အကျဉ်းထောင် တစ်ခုသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
အကျဉ်းထောင်ရောက်ရှိတဲ့ ပထမညမှာ သူက ရင်ဘတ်နာကျင်မှု၊ သွေးတိုးမှုတွေ ခံစားခဲ့ရတာကြောင့် ရဲဆေးရုံတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပြီး ကြာသပတေးနေ့က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့ပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်ဟောင်းတစ်ဉီးဖြစ်ပြီး တိုင်းပြည်နဲ့ပြည်သူ့အကျိုး သယ်ပိုးခဲ့ကာ သက်ဉီးစံပိုင်စ နစ်ကို သစ္စာရှိသူဖြစ်တယ်လို့ တော်ဝင်အမိန့်ပြန်တမ်းက ဖော်ပြခဲ့ပါတယ်။
သက်ဆင်က ဉပဒေလုပ်ငန်းစဉ်ကို လေးစားသမှုရှိကာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး တရားရုံးရဲ့ ဆုံးဖြတ် ချက်တွေကို လက်ခံခဲ့ကြောင်း၊ ယခုအခါမှာ သူက အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကျန်းမာရေးစောင့် ရှောက်မှုခံယူဖို့ လိုအပ်လာပြီလို့ တော်ဝင်အမိန့်ပြန်တမ်းက ဆိုပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ရပေမယ့် သူ့ကိုသစ္စာခံတဲ့ နိုင်ငံရေးပါတီတွေက ၂၀၀၁ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သူ့ရဲ့မူဝါဒတွေကို သန်းနဲ့ချီတဲ့ ကျေးလက်ပြည်သူတွေက ထောက်ခံခဲ့ပေမယ့် သူနဲ့ သူ့ရဲ့မဟာမိတ်တွေကို အာဏာမရအောင် ဆယ်စုနှစ် ၂ ခုခန့် ကြိုးပမ်းခဲ့တဲ့ ရှေးရိုးစွဲတွေနဲ့ စစ်တပ်လို လားသူတွေက အာဏာသိမ်းယူခဲ့ပါတယ်။
သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာတာနဲ့ ဆေးရုံတက်ရမှုက အာဏာရှိသော ဗိုလ်ချုပ်ကြီးတွေ၊ ရှေးရိုးစွဲတွေ နဲ့ သူက သဘောတူညီချက်တစ်ရပ် ရရှိသွားပြီဆိုတဲ့ ထင်မြင်ယူဆချက် ဖြစ်ပေါ်စေခဲ့ပါတယ်။
ဆေးကုသမှုခံယူဖို့ အထူးကုဆရာဝန်တွေနဲ့ ခေတ်မီ ဆေးဘက်ဆိုင်ရာကိရိယာတွေ လိုအပ်တာကြောင့် သက်ဆင်ဟာ ဆေးရုံမှာ ဆက်ရှိနေမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းက သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှုကို ခွင့်ပြုခဲ့ တယ်လို့ သက်ဆင်ရဲ့ရှေ့နေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ တင်းကျပ်သော တော်ဝင်ဥပဒေအရ သက်ဉီးစံပိုင်ဘုရင်စနစ်ကို မစော်ကားဖို့ ပိတ်ပင်ထား ပြီး ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ကိုးကား – Reuters
Ref; Thai King reduces former PM Thaksin’s eight-year jail sentence to one year