
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များကို KIA က ကူညီနေသည်ဆိုပြီး စစ်ကိုင်းသူရဲကောင်းများအဖွဲ့က လက်တုံ့ပြန်သည့်အနေဖြင့် ကချင်ပြည်နယ်တွင် မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ အားပေး စစ်ကိုင်းသူရဲကောင်းအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကိုင်းဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို KIA ကကူညီပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု စွပ်စွဲကာ စစ်ကိုင်းသူရဲကောင်းများ အမည်ခံထားသည့်အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း၌ မိုင်းဖောက်ခွဲမှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရေးသားထားသည်။
KIA နှင့် PDF အဖွဲ့များ ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်နေပါက ၎င်းတို့အဖွဲ့အနေ ဖြင့် ကချင်ပြည်နယ်အတွင်းရှိ နေရာဒေသ အသီးသီး တွင် ဖောက်ခွဲရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ အား နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်ဆောင်ရွက်သွား မည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်ကျော်ဇေယျဆိုသူက ရေးသားထားသည်။
အဆိုပါအဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ သီးသန့် လုပ်ဆောင်ရန် ဖွဲ့စည်းထားပြီး တော်လှန်ရေးကို ပုံဖျက်ရန် ဖွဲ့ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း စစ် ကိုင်းတိုင်းဒေသအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးကပြောသည်။
၎င်းအဖွဲ့နည်းတူ မန္တလေးတိုင်းတွင် ဖွဲ့စည်းထားသည့် သွေးသောက်အဖွဲ့အမည်ခံထားသည့် အဖွဲ့သည်လည်း NLD ပါတီ၀င်များနှင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများ ကို ဖမ်းဆီးသတ်ဖြတ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ကာ သတ်ဖြတ်ခံထားရသည့် ရုပ် အလောင်းများတွင် သွေးသောက်လည်ဆွဲကတ်များကို ချိတ်ဆွဲထားခဲ့မှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
#စစ်ကိုင်းသူရဲကောင်းများအဖွဲ့ #သွေးသောက် #KIA
#PDF #ဗိုလ်ကျော်ဇေယျ# ကချင် #မြစ်ကြီးနား
#Ayeyarwaddy_Times