
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး တင်ပြထား တယ်လို့ တရားရေးဝန်ကြီးဟောင်း ဝစ်ဆန်နုကရီယန်ဂမ်က ပြောကြားလိုက်ပါတယ်။
သက်ဆင်ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းနဲ့ ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီး အာဏာအလွဲသုံးစား ပြုလုပ်မှု၊ အာဏာရှိချိန်မှာ အကျိုးစီးပွား ပဋိပက္ခတွေကြောင့် ထောင်ဒဏ် ၈ နှစ် ကျခံဖို့ အကျဉ်းထောင်တစ်ခုသို့ မရွှေ့ပြောင်းမီ ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။
သက်ဆင် ကျောထောက်နောက်ခံပြုထားတဲ့ Pheu Thai ပါတီမှ အိမ်ခြံမြေသူဌေးကြီး ဆရက်သာသာဗီ ဆင်းဟာ စစ်တပ်လိုလားတဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့အတူ လွှတ်တော်တွင်း မဲခွဲရွေးချယ်မှုမှာ အ နိုင်ရရှိပြီး ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။
ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်းတစ်ဉီးဖြစ်သူ သက်ဆင်က ထိုင်းနိုင်ငံရေးမှာ ယနေ့ချိန်ထိ ဩဇာကြီး မားဆဲဖြစ်ပြီး သူ့ကိုသစ္စာခံတဲ့ နိုင်ငံရေးပါတီတွေဟာ ဒီနှစ်ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပါအဝင် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့ပါတယ်။
သက်ဆင်ဟာ ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေ၊ သူ့ရဲ့ပါတီကို ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခု နှစ် အာဏာသိမ်းမှုတွေအတွင်း ဖြုတ်ချခဲ့တဲ့ စစ်တပ်သစ္စာခံတွေနဲ့ သဘောတူညီချက်တစ်ရပ် ရရှိသွားပြီဆိုတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
သက်ဆင်က စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ဗိုလ်ချုပ်ကြီးတွေနဲ့ သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီဆိုတဲ့ ဆွေးနွေးမှုကို ပယ်ချခဲ့ပါတယ်။
အကျဉ်းကျတဲ့ ပထမဆုံးညမှာဘဲ ဝမ်းဗိုက်နာကျင်မှု၊ သွေးတိုးမှုတွေကြောင့် သက်ဆင်ကို ရဲဆေးရုံတစ်ခု သို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ဘယ်အချိန်မှာ တင်သွင်းခဲ့တာလဲဆိုတဲ့ မေးမြန်းချက်အပေါ် မှတ်ချက် ပေးဖို့ အသက် ၇၄ နှစ်အရွယ် သက်ဆင်ရဲ့ ကိုယ်စားလှယ်တစ်ဉီးက ငြင်းဆန်ခဲ့ပါတယ်။
“တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ထိုင်းဘုရင်ထံ မတင်ပြမီ လက်မှတ်ထိုးဖို့ လိုအပ်တာကြောင့် လက်ရှိ ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာထံ အရင်ဆုံး တင်သွင်းမယ်” လို့ ဝစ်ဆန်နုက ဆိုပါတယ်။
ထိုင်းဘုရင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်မပြုပါက သက်ဆင်အနေနဲ့ နောက်တစ်ကြိမ် တော် ဝင်လွတ်ငြိမ်းချမ်းသာခွင့် တင်ပြဖို့ ၂ နှစ် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
ကိုးကား – The Straits Times
Ref; Thailand’s former PM Thaksin Shinawatra requests royal pardon