နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ် ၃၁ ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ယမန်နေ့ သြဂုတ်လ (၃၀) ရက်နေ့တွင် ထားဝယ် မြို့ပြပြောက်ကျား (DDT) တပ်ခွဲ(၃)က သေနက်ပစ်ဖောက်ကာသတိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးအဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ဒေသခံ ပြည်သူများကို လက်နက်ပြ ခြိမ်းခြောက်ကာ စက်လှေများအား လစဥ်ကြေးတောင်းခံလျက်ပြီး ပြည်သူ များအပေါ် အနိုင်ကျင့် ဗိုလ်ကျနေမှုများရှိနေသည့်အတွက် သေနက်ပစ်ဖောက်ကာ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ် မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များထံက သိရသည်။

“စမ်းလှမ်းရွာက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းနေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အများဆုံးနေတဲ့နေရာပါ။ လက်နက်မဲ့ ပြည်သူတွေအပေါ် သေနက်ပြပြီးအနိုင်ကျင့် ဗိုလ်ကျတယ်။ မြစ်ကြောင်းတလျှောက်က စက်လှေတွေကိုလည်း လစဥ်ကြေး တောင်းယူနေလို့ မလုပ်ဆောင်ကြဖို့ သေနက်ဖောက်ပြီး နောက်ဆုံးအကြိမ် သတိပေးခဲ့တာ” ဟု DDT တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် DDT တပ်ခွဲ (၃)၊ ထားဝယ်ခရိုင် တပ်ရင်း (၁) နှင့် နဂါးနီပြောက်ကျား တပ်ခွဲ (၄) (DGRF) ဒရုန်း ဝေဟင်ပစ်အဖွဲ့ တို့ပူးပေါင်း၍ ရေဖြူမြို့ ပေါ်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦး သေဆုံး၍ လေးဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။

ဓာတ်ပုံ- ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့

ပုံစာ¬ DDT တပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်၍ အသိပေးစဥ်

#လောင်းလုံးမြို့နယ် #စမ်းလှမ်းရွာ #ပျူစောထီးအဖွဲ့ #DDTမြို့ပြတော်လှန်ရေးတပ်ဖွဲ့ #သေနတ်ပစ်ဖောက်သတိပေး #Ayeyarwaddy Time #