ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်

ကရင်နီဒေသရှိ စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်း‌ဆောင်နေသည့် စစ်တပ်အရာရှိများနှင့် တပ်သားများ၊ ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့၀င်များအနေ ဖြင့် ဘက်ပြောင်းခိုလှုံလိုပါက ကရင်နီပူးပေါင်းအဖွဲ့ များထံ ဆက်သွယ်နိုင်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်နေသည့် တပ်ဘက်ဆိုင်ရာ အရာရှိများနှင့်အခြားတပ်သားများ၊ ပြန်တမ်း၀င်ရဲအရာရှိများ၊ ရဲအုပ်၊ ဒုရဲအုပ်များနှင့် အခြားအဆင့်ရဲတပ်ဖွဲ့၀င်များ ဘက်ပြောင်း ခိုလှုံ၍ CDM ပြုလုပ်လိုပါက ကရင်နီပြည်တပ် မတော်တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများထံ ဆက်သွယ်နိုင် သည်ဟု KNPP က ဆိုထားသည်။

ထို့အပြင် ၎င်းတို့နှင့်အတူပါလာသည့် လက်နက်ခဲယမ်းများကို သက်ဆိုင်ရာ ကရင်နီ ပြည်တပ်မတော်နှင့် မြို့နယ်တပ်များထံ တရား၀င်အပ်နှံပြီး ဖွဲ့စည်းထားသည့်လုပ်ငန်း ကော်မတီမှ ဆက်လက်ဆောင်ရွက်သွား မည်ဟု သိရသည်။

နိုင်ငံတကာတရား၀င်အဖွဲ့များ၊ မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် တရား၀င်ချိတ်ဆက်မှု လမ်းကြောင်းရှိသည့်အတွက် စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်ရန် ဆန္ဒမရှိတော့ပါက (Signal +6695 8807436)သို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

#ကရင်နီ #KNPP #စစ်ကောင်စီတပ်အရာရှိများ #ဘက်ပြောင်းခိုလှုံရန် #ထုတ်ပြန်ချက် #Ayeyarwaddy_Times