ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံဟာ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ် ပိုင်းအဖြစ် B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲ လေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေ စ တင်လိုက်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေအတွင်း တောင်ကိုရီးယားလေတပ်ရဲ့ FA-50 ဂျက်တိုက်လေယာဉ်တွေဟာ ကိုရီး ယားကျွန်းဆွယ်ပေါ်မှာ B-1B ဗုံးကြဲလေယာဉ်ကို လိုက်ပါစောင့်ကြပ်ဖို့ အမေရိကန်လေတပ်ရဲ့ F-16 တိုက်လေ ယာဉ်တွေနဲ့အတူ ပျံသန်းခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုပါတဲ့ B-1B ဗုံးကြဲလေယာဉ် အရေအတွက်ကိုတော့ တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီးဌာနက မဖော်ပြခဲ့ပါဘူး။

မြောက်ကိုရီးယားနိုင်ငံက စစ်ဘက်သုံး သူလျှိုဂြိုဟ်တုတစ်လုံး သယ်ဆောင်လာတဲ့ Chollima-1 ဒုံးပျံ လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပြီးနောက် ပူးတွဲ လေတပ်ဆိုင်ရာလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ တာကြောင့် အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် စေလွှတ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ် ခဲ့တာလို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နိုင်ငံက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ စေလွှတ်မှုနဲ့အတူ မဟာမိတ်နိုင်ငံတွေက တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်နေမှုကို ထုတ် ဖော်ပြသခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တောင်ကိုရီးယား-အမေရိကန် ပူးတွဲလေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေဟာ သြဂုတ်လ ၃၁ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။

ကိုးကား – Yonhap
Ref; S. Korea, U.S. hold joint air drills, involving B-1B strategic bomber

#Ayeyarwaddy_Times