ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်

ရုရှားသိမ်းပိုက်ထားနဲ့ ပိုင်နက်နယ်မြေတွေကို ပြန်လည်သိမ်းယူမယ့် တန်ပြန်ထိုးစစ်ဆင်မှုတစ်ရပ်ကို ယူ ကရိန်းတပ်ဖွဲ့တွေက ဆက်လက်ပြုလုပ်နေစဉ် ကိယက်ဗ်သို့ ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ စစ်ရေးအကူအညီ သစ် ပေးအပ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

အမေရိကန်က ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီမှာ AIM-9M Sidewinder လေကြောင်းပစ်ဒုံး ကျည်တွေ၊ HIMARS တာဝေးပစ်ဒုံးပျံတွေ၊ ၁၅၅ မီလီမီတာ၊ ၁၀၅ မီလီမီတာ အမြောက်ကျည်တွေ၊ မိုင်းရှင်းလင်း ရေးကိရိယာတွေ၊ တင့်ဖျက် TOW ဒုံးကျည်တွေ၊ Javelin သံချပ်ကာဖျက်စနစ်တွေ၊ Hydra-70 ဝေဟင်-မြေပြင် ခွင်းဒုံးကျည်တွေနဲ့ လက်နက်ငယ်ကျည် ၃ သန်းကျော် ပါဝင်တယ်လို့ ပင်တဂွန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒါ့အပြင် သံချပ်ကာကားတွေ၊ Humvee လူနာတင်ယာဉ်တွေနဲ့ အခြား အမည်မဖော်ပြထားတဲ့ စစ်မြေ ပြင်သုံး ပစ္စည်းကိရိယာတွေလည်း အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့မယ်လို့ သိရပါတယ်။

သမ္မတလုပ်ပိုင်ခွင့်အာဏာအဖြစ် လူသိများတဲ့ အစီအစဉ်တစ်ရပ်အရ အဆိုပါစစ်လက်နက်တွေကို ယူက ရိန်းသို့ လွှဲပြောင်းပေးနေတယ်လို့ ပင်တဂွန်က ပြောပါတယ်။

သမ္မတလုပ်ပိုင်ခွင့်အာဏာအရ ဂျိုးဘိုင်ဒင်ကို အမေရိကန်နိုင်ငံရဲ့ ရှိယင်းစွဲစစ်လက်နက်တွေထဲကနေ မ ဟာမိတ်နိုင်ငံတွေထံ စစ်လက်နက်တွေ ပေးပို့ခွင့်ပြုထားပါတယ်။

အခုကြေညာလိုက်တဲ့ စစ်ရေးအကူအညီဟာ သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသို့ လုံခြုံရေးအကူအညီ ထောက်ပံ့ဖို့ လုပ်ပိုင်ခွင့်အာဏာကို ၄၅ ကြိမ်မြောက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း အမေရိကန်အစိုးရက ယူကရိန်း သို့ ဒေါ်လာ ၄၃ ဘီလီယံကျော်တန်ကြေးရှိ အကူအညီတွေ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – Reuters

Ref; US announces $250 million arms package for Ukraine, including pivotal air defense ammo

#Ayeyarwaddy_Times