ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်

ရွေးကောက်ပွဲမှာ သမ္မတ အလီဘွန်ဂိုက တတိယသက်တမ်း အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မ ရှင်က ကြေညာပြီးနောက် ဂါဘွန်စစ်အရာရှိတွေက အာဏာသိမ်းလိုက်ပြီလို့ သြဂုတ်လ ၂၉ရက်နေ့ မနက်အစောပိုင်းမှာ နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြောကြားလိုက်ပါတယ်။

အာဖရိကတိုက်အလယ်ပိုင်း ဂါဘွန်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ကိုယ်စားပြုပြီး အာဏာသိမ်းယူလိုက်ပြီလို့ စစ်အရာရှိတွေက နိုင်ငံပိုင်ရုပ်သံဌာန Gabon 24 မှတစ်ဆင့် ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပြီး နယ်စပ်ဂိတ်တွေအားလုံးကို သတိပေးချက်ထုတ်ပြန်ချိန်အထိ ပိတ်ပင်ကာ နိုင်ငံ့အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းကြောင်း ဂါဘွန်စစ်အရာရှိတွေက ပြောပါတယ်။

ဂါဘွန်စစ်အရာရှိတွေက အာဏာသိမ်းယူကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာပြီးနောက် လစ်ဘရီ ဗယ်လီမြို့တော်မှာ ကျယ်လောင်တဲ့ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

“ဂါဘွန်ပြည်သူတွေရဲ့ အကျိုးအတွက် လက်ရှိအစိုးရကိုဖြုတ်ချကာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ကျွန် တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ စစ်အရာရှိတွေက ပြောပါတယ်။

ရေနံနဲ့ကိုကာပေါကြွယ်ဝပေမယ့် ဆင်းရဲမွဲတေတဲ့ ဂါဘွန်နိုင်ငံမှာ အပြောင်းအလဲတွေပြုလုပ်ဖို့ အတိုက်အ ခံတွေက ကြိုးပမ်းခဲ့ပေမယ့် ဆွေစဉ်မျိုးဆက် ၅၆ နှစ်ကြာ အုပ်ချုပ်မှုကို ပိုခိုင်မာစေတဲ့ လက်ရှိသမ္မတ အလီဘွန်ဂို အား တတိယသက်တမ်း အနိုင်ရစေတဲ့ စနေနေ့ ရွေးကောက်ပွဲတွေအပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

နိုင်ငံတကာမှ လေ့လာသူတွေ မလာရောက်မှု၊ ပြည်ပသတင်းဌာနတွေကို သတင်းယူခွင့်ပိတ်ပင်မှုနဲ့ အာ ဏာပိုင်တွေရဲ့ အင်တာနက်ဖြတ်တောက်ကာ တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကြောင့် ဂါဘွန် ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိ မရှိ စိုးရိမ်မှုတွေ ရှိစေခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Gabonese military officers announce seizure of power

#Ayeyarwaddy_Times