
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ရက်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တောနော် ရေတံခွန်အနီးတွင် မြေပြိုကျ၍ ပျက်စီးသွားသည့် လမ်းပိုင်းကို စစ်ကောင်စီမှ ဘေလီတံတား ထိုးကာ သွားလာခွင့်ပြုထားသော်လည်း တံတားအကျယ် ကျည်းမြောင်း၍ ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ယာဥ်အစီးရေ ၁၀၀ ကျော်အထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
“စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေ ဘေလီ တံတားထိုးပေးထားတဲ့ နေရာမှာ ပိတ်နေတာ။ တံတားက အရမ်းကျဥ်းနေတော့ ဟိုဘက်ဒီဘက် ကားတွေပိတ်မိနေတာပါ။ အခုတော့ အလှည့်ကျစနစ်နဲ့သွားနေရပြီး ကုန်ခြောက်တင်ထားတဲ့ ယာဥ်တွေက ပြဿနာမရှိပေမဲ့ ကုန်စိမ်းနဲ့ကုန်အစိုတွေ တင်လာတဲ့ကားတွေကတော့ ရွာလည် (ဒုက္ခရောက်)ပြီ” ဟု အဆိုပါ လမ်းပိုင်းတွင်း ကုန်ကားမောင်းနေသည့် ယာဥ်မောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ မြဝတီ -ကော့ကရိန် အာရှလမ်းပိုင်းသည် မိုးဆက်တိုက်ရွာသွန်း၍ ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က တောနော် ရေတံခွန်အနီးတွင် မြေပြိုကျကာ လမ်းပိုင်း ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းကို စစ်ကောင်စီမှ ဘေလီတံတား ထိုးပေးကာ ခရီးသွား ယာဥ်များ နှင့်အတူ လူစီးကားများကိုပါဖြတ်သန်းခွင့်ပြုထားကြောင်း ခရီသွားပြည်သူများ ထံကသိရသည်။
ပုံစာ- ယနေ့သြဂုတ်လ ၃၀ရက်နေ့ နံနက်ပိုင်းက ကားများပိတ်ဆို့နေစဥ်
#မြဝတီကော့ကရိတ်အာရှလမ်း #ဘေလီတံတ္တားထိုး #သွားလာခွင့်ပြု #လမ်းပိတ်ဆို့မှုဖြစ်ပွား #Ayeyarwaddy_Times