
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၃၀ ရက်
စစ်ကောင်စီတပ်အတွက် အသက်ပေးတိုက်ပွဲ၀င်ရန် ဝါဒဖြန့်သီချင်းဖြစ်သည့် ကို ရေးသားသီဆိုခဲ့သည့် ဗိုလ်မှူး နိုင်နိုင်ထွန်း သည် စစ်တိုက်ရန်ငြင်းဆိုသဖြင့် ရှေ့တန်းတွင် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
“အောင်မြင်မှုနဲ့ တိုက်ရိုက်အချိုး အမိန့်နာခံမှ”ဆိုသည့် စာသားများ ထည့်သွင်းရေးသား သီဆိုခဲ့သည့် ဗိုလ်မှူး နိုင်နိုင်ထွန်းသည် စစ်တိုက်ရန်အမိန့်မနာခံမှုဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“အထက်အောက် မမျှမတ အမိန့်တွေပေးတာကို သူကငြင်းဆန်လို့ ဖမ်းခံရတာလို့ သိရတယ်။ အခုအဲဒီဘက် မှာ အမိန့်ဖီဆန်တာတွေကြောင့် ရင်းမှူးတွေ တပ်မှူးတွေလည်း ဖမ်းစစ်ခံနေရတယ်”ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူးနိုင်နိုင်ထွန်းသည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁ )၏လက်အောက်ခံအမှတ် ၄၇ ခြေလျင် တပ်ရင်း (ခလရ ၄၇)က ဖြစ်ပြီး ၂၀၂၂ ခုနှစ် တပ်မ တော်နေ့အတွက် ဝါဒဖြန့်စစ်သီချင်းကို သီဆိုပြီးနောက်တွင် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးပြီး စစ် ကြောင်းမှူး အဖြစ်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင် နေစဉ် အာဏာဖီဆန်သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဘက်က ငွေကြေးများဖြင့် အမှုပေါ့လျော့အောင် လုပ်ဆောင်နေကြောင်း သိရသည်။
“ မိသားစုအရေးသာ တွေးတော့မည်ဖြစ်ပြီး ဖြစ်လာမည့် အကျိုးဆက်များအတွက် အသင့်ပြင်ထားကြောင်း” ဗိုလ်မှူး နိုင်နိုင်ထွန်းက ၄င်း၏လူမှုကွန်ယက် စာမျက်စာတွင်ရေးသားထားမှုအပေါ် အချို့သော စစ်ကောင်စီတပ်၏ အရာရှိများကလည်း ထွက်စာတင်ထားကြောင်း နှင့် မရရသည့်နည်းနှင့် တပ်ထဲက ထွက်မည်ဖြစ်ကြောင်း ၄င်းတို့၏ မကျေနပ်ချက်များကို ရေးသားမှုများ ရှိခဲ့ပြီး ဗိုလ်မှူး နိုင်နိုင်ထွန်းကလည်း သူ့အနေဖြင့် လိုက်ခဲ့မည်ဟု အပြန်အလှန် ရေးသားထားမှုများကို ဧရာဝတီတိုင်းမ်းက လက်ခံရရှိထားသည်။
အလားတူ ကချင်ပြည်နယ်၊ လိုင်ဇာ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်က ခလရ ၁၂၊ ခလရ ၁၃၊ ခမရ ၄၁၁၊ ခလရ ၃၇နှင့် ခမရ ၃၇၈ တပ်ရင်းများမှ တပ်ရင်းမှူးများကိုလည်း အမိန့်အာဏာ ဖီဆန်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း သိရသည်။
#ဗိုလ်မှူးကြီးနိုင်နိုင်ထွန်း #စစ်ကောင်စီ #ဝါဒဖြန့် # တပ်သီချင်းဆိုသူ #အမိန့်ဖီဆန် #ဖမ်းဆီးခံရ
#Ayeywaddy_Times