ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်

တောင်ကိုရီးယားနိုင်ငံက လာမယ့်နှစ်မှာ ယူကရိန်းသို့ ငွေကြေးအကူအညီအဖြစ် ဒေါ်လာ ၃၉၄ သန်း ထောက်ပံ့မှာဖြစ်လို့ ဒီနှစ်ထောက်ပံ့တာထက် ၈ ဆကျော် ပိုများလာမယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ ဘတ်ဂျက်အရ ယူကရိန်းသို့ပေးအပ်မယ့် အကူအညီထဲမှာ ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ်လာ ၉၈ သန်းကျော်၊ လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ ၁၉၆ သန်း ကျော်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှတစ်ဆင့် ဒေါ်လာ ၉၈ သန်းကျော် ထောက်ပံ့မယ့်အစီအစဉ် ပါဝင်ပါတယ်။

ဒီနှစ်အတွင်း ယူကရိန်းနိုင်ငံသို့ ပမာဏများပြားတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့မယ်လို့ တောင်ကိုရီး ယားသမ္မတ ယွန်ဆတ်ခ်ယိုက ဇူလိုင်လအတွင်း ကြေညာခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသနဲ့ အာဖရိကတိုက် အပါအဝင် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက် တရားဝင် အကူအညီ ကို ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံအထိ တိုးမြှင့်ပြီး ပေးအပ်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ပြည်ပအကူအညီပေးအပ်မှု တိုးမြှင့်တာဟာ တောင်ကိုရီးယားကုမ္ပဏီတွေ ပြည်ပသွားနိုင်ဖို့၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အရေးပါသော ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းအဖွဲ့ဝင်အနေနဲ့ တာ ဝန်ယူတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

K-City ကွန်ရက်အစီအစဉ်အရ အကောင်အထည်ဖော်ဆောင်မယ့် ယူကရိန်းနိုင်ငံမှာ စမတ်မြို့တော် Uman လုပ်ငန်းစီမံချက် ဖော်ဆောင်မယ့်ကုမ္ပဏီကို တောင်ကိုရီးယားအစိုးရက ရွေးချယ်ခဲ့ပါတယ်။

ကိုးကား – Pravada
Ref; Ukraine will receive almost US$400 million in aid from South Korea in 2024

#Ayeyarwaddy_Times