ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၀ ရက်

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှုးများအားတစ်ရွာလျှင် ပြည်သူ့စစ်သင်တန်းအတွက် လူ ၂၀ ဦးစာရင်းပေးဖို့သြဂုတ်လအတွင်းမှာညွန်ကြားထားကြောင်းသိရှိရသည်။

မြန်အောင်မြို့နယ်အတွင်းမှ မြစ်ကျိုးအုပ်စု၊ နလင်သာကျေးရွာ၊ အစုကြီးကျေးရွာ၊ နတ်ပိတ်ိကျေးရွာတို့တွင် သြဂုတ်လ ၂၇ ရက်နေ့တွင် လူစာရင်းများကိုစစ်ကောင်စီထံကိုပေးပို့ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တစ်ချို့ရွာအုပ်ချုပ်ရေးမှူးကမဲနိူက်ပြီး ရွေးကြတယ်လို့ ကြားတယ်။ မဲပေါက်တဲ့လူက ပြည့်သူစစ် သင်တန်း မတက်မနေရ တက်ရမယ်လို့ပြောတယ် “ဟု ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိကျေးရွာများတွင် စစ်ကောင်စီက ဖွဲ့စည်းခိုင်းထားတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊အရန်မိီးသတ်၊ ပြည်သူ့လုံခြုံရေးများဖွဲ့စည်းခိုင်းပြီး ယခုပြည်သူ့စစ်သင်တန်း ဆိုကာထပ်မံဖွဲ့စည်းခိုင်းသည့်အတွက် အချို့ကျေးရွာအတွင်းမှာ မဲနိူက်ရွေးခြယ်ကာဖွဲ့စည်းလိုက်ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးကပြောသည်။

ဧရာ၀တီတိုင်းအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့များအင်အားနည်းလာသောကြောင့် ရဲသတင်းပေးများကို ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး ကင်းလှည့်ခိုင်းခြင်း၊ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေပြီး လက်ရှိ ကျေးရွာအုပ်စုများကို ရွာလုံခြုံရေးအမည်ခံ ပြည်သူ့စစ်အနေနဲ့ထပ်မံဖွဲ့စည်းရန်ပြင်ဆင်နေတာဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်ကြသည်။

#မြန်အောင်မြို့နယ် #ပြည်သူ့စစ် #သင်တန်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times