
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ယူကရိန်းမှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီး ဝရမ်းတစ်ရပ် ထုတ်တာခံရပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပထမဆုံး ပြည်ပခရီးစဉ်တစ်ခု သွား ရောက်ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
အောက်တိုဘာလအတွင်းပြုလုပ်မယ့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ဖိုရမ်တက်ရောက်ရေး သမ္မတ ဗလာဒီမာပူ တင် တရုတ်နိုင်ငံသို့သွားရောက်ဖို့ ရုရှားသမ္မတရုံးက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ဖိုရမ်ကိုတက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကို သမ္မတ ပူတင်က လက်ခံခဲ့တယ်လို့ သိရပါတယ်။ မတ်လအတွင်း ICC က ဖမ်းဝရမ်းတစ်ရပ် ထုတ်ပြီးနောက်ပိုင်း ပူတင်ဟာ ရုရှားနိုင်ငံ သို့မဟုတ် ဆိုဗီ ယက်ပြည်ထောင်စုဝင်ဟောင်းနိုင်ငံတွေမှာ ရှိနေခဲ့ပါတယ်။
စစ်ရာဇဝတ်မှုဆိုင်ရာ ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ပိုင်နက်အတွင်း ရုရှားသမ္မတ ပူတင်က ခြေချပါက ဖမ်းဆီးခံရမှာဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ်လအတွင်း မော်စကိုမြို့တော်သို့ လာရောက်လည်ပတ်ပြီးနောက် လများ စွာအကြာမှာ ပူတင်ရဲ့ တရုတ်ခရီးစဉ် ဖြစ်လာတာပါ။
နှစ်နိုင်ငံစလုံးက မိတ်ဆွေတွေလို့ သူတို့ကိုသူတို့ ကြေညာခဲ့ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အနောက်နိုင် ငံတွေရဲ့ တောင်းဆိုမှုကို တရုတ်နိုင်ငံက မသိကျိုးကျွန်ပြုခဲ့ပါတယ်။
ရှီကျင့်ဖျင်ရဲ့ မော်စကိုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးဟာ အကန့်အသတ်တွေမထားတဲ့ ချစ်ကြည် ရင်းနှီးမှုတစ်ခုလို့ ခေါင်းဆောင်နှစ်ဉီးက ကြေညာခဲ့ပါတယ်။
ယူကရိန်းမှ ကလေးငယ်တွေကို ရုရှားသို့ ပြည်နှင်ဒဏ်ပေးတာကြောင့် ICC က ပူတင်နဲ့ ရုရှား ကလေး သူငယ်များဆိုင်ရာ မဟာမင်းကြီး မာရီယာအလက်ဇီယက်ဗ်ဗာနာတို့ကို ဖမ်းဆီးဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။
ICC တရားရုံးကို တည်ထောင်ခဲ့တဲ့ ရောစာစာချုပ်အရ အဓမ္မ ပြည်နှင်ဒဏ်ပေးတာကို ရာဇဝတ်မှုတစ်ခုအ ဖြစ် သတ်မှတ်ထားပါတယ်။
ရုရှားက ရောမစာချုပ်ဝင်နိုင်ငံဖြစ်ခဲ့ပေမယ့် ICC တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုတာ ကြောင့် ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။
ဒီလအစောပိုင်းက တောင်အာဖရိကနိုင်ငံမှာပြုလုပ်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ပူတင်က ICC ဖမ်းဝရမ်းကြောင့် လူကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ မော်စကိုကနေ အွန်လိုင်းကနေသာ တက်ရောက်ခဲ့ပါ တယ်။
ကိုးကား – Evening Standard
Ref; Vladimir Putin agrees first foreign trip since arrest warrant issued – report