(ဘဝရပ်တည်ရေးခက်ခဲနေကြောင်း စစ်ဘေးရှောင်များဆို)

ဧရာဝတီတိုင်းမ်
မြောက်ဦး၊သြဂုတ် ၃၀ ရက်

ရခိုင်က စစ်ဘေးရှောင်စခန်းတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေသွားရောက်ကူညီပေးခွင့်တွေကို အာဏာသိမ်းစစ်ကောင် စီက တားမြစ်ကန့်သတ်ထားဆဲလို့ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအ ညီပေးရေးအဖွဲ့တွေ၊ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒါကြောင့်ရခိုင်ကစစ်ဘေးရှောင်တွေဟာ စားနပ် ရိက္ခာတွေပြတ်လပ်နေကြပြီးစားဝတ်နေရေး၊ကျန်း မာရေးအခက်အခဲတွေကိုလည်း ရင်ဆိုင်နေကြရတ ယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“အခုကစားဝတ်နေရေးအကျပ်အတည်းတွေဖြစ်လာ လို့ WFP ကလူတစ်ယောက်ကိုဖုန်းဆက်မေးကြည့်တော့လက်ရှိသူတို့ကို စစ်ကောင်စီက ကျေးလက်ဒေသတွေကိုပဲ လုပ်ပေးခွင့်ပြုထားတာစစ်ဘေးရှော င်တွေဆီ မသွားရဘူးလို့ဟန့်တားထားတယ်လို့အ ကြောင်းပြန်တယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ် မှစစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၄ရက်နေ့က တိုက်ခဲ့တဲ့ မိုခါမုန်တိုင်းအလွန်မှာ WFPက ပေးတဲ့ တာပေါ်လင်နှစ်ခုမှလွဲပြီးနောက်ထပ်ဘာအကူအညီမှမရကြဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် ၉၅ ရာခိုင်နှုန်းထိပျက် စီးခဲ့ပေမယ့် စစ်ကောင်စီက စစ်ဘေးရှောင်စခန်းတွေကိုထိရောက်တဲ့အကူအညီတွေမပေးဘူးလို့ ဆိုကြပါတယ်။

“မိုခါမတိုက်ခင်က တစ်လတခါလာရော က်ကူကြတာရှိတယ်။မိုခါတိုက်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေလည်းမရတော့ဘူး။သား၊သ မီးတွေ ငှက်ဖျားဖြစ်ရင်တောင် ကုသဖို့၊ဆေးဝယ်ဖို့ ငွေကြေးမရှိဘူး။အဲဒီကြားက ခုလိုမျိုးကူညီရေးအ ဖွဲ့တွေကိုပိတ်ပင်တားဆီးထားတော့ ကျနော်တို့ဘယ် လိုရှေ့ဆက်မလဲ။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တစ်သိန်းထိကျန်ရှိနေပါသေးတယ်။

ရခိုင်မှာနှစ်ဘက်တိုက်ပွဲတွေရပ်တန့်နေပေမယ့် စစ်ကောင်စီက စစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့ခွင့်တွေကိုတားမြစ်ထားသလိုမိုင်းရှင်းလင်းရေးတွေမလုပ်ဘဲအတင်းအဓမ္မနေရပ်ပြန်ပို့တာတွေပြုလုပ်နေပါတယ်။

ရခိုင်ကစစ်ဘေးရှောင်တွေဟာ မိုခါမုန်တိုင်းဒဏ်အ ပြင် ရေကြီးတာတွေ၊မိုးကြီးတာတွေကိုလည်း ခံစားကြုံတွေ့ခဲ့ကြရတာမို့စားဝတ်နေရေး၊ကျန်းမာရေး
အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းဖို့အကူအညီတွေမဖြစ်မနေလိုအက်နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတစ်ခုကိုမိုခါအလွန်တွေ့ရပုံ/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times