ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၀ ရက်

ဂျပန်နိုင်ငံသို့ ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ တာဝေးပစ် ဝေဟင်ခွင်း ခရုဇ်ဒုံးကျည်တွေနဲ့ ဆက် စပ်ကိရိယာတွေ ရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်ပြီး ပစ်ခတ်ရတဲ့ JASSM-ER လို့ခေါ်တဲ့ ဝေဟင်-မြေပြင်ခွင်း တာ ဝေးပစ်ခရုဇ်ဒုံးကျည်တွေ ဂျပန်နိုင်ငံသို့ ရောင်းချမဲ့အစီအစဉ်ကို အမေရိကန်အစိုးရက ဩဂုတ်လ ၂၈ ရက်မှာ ကွန် ဂရက်သို့ အကြောင်းကြားခဲ့ပါတယ်။

JASSM-ER ဆိုတာ ရန်သူ့ပစ်ကွင်းပြင်ပကနေ ပစ်ခတ်နိုင်တဲ့ ကီလိုမီတာ ၉၀၀ ကျော်အထိ ရောက်ရှိနိုင် တဲ့ တာဝေးပစ်ဒုံးကျည် အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ဂျပန်ုနိုင်ငံသို့ တာဝေးပစ် ဝေဟင်-မြေပြင်ခွင်း ခရုဇ်ဒုံးကျည်တွေ ရောင်းချဖို့ အတည် ပြုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ခန့်မှန်းချေ ဒေါ်လာ ၁၀၄ သန်း အကုန်အကျခံကာ JASSM-ER ဝေဟင်-မြေပြင်ခွင်း တာဝေးပစ်ခရုဇ်ဒုံး ကျည် အစင်း ၅၀ ဝယ်ယူဖို့ ဂျပန်နိုင်ငံက တောင်းဆိုခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောခဲ့ပါတယ်။

တာဝေးပစ်ဒုံးကျည်တွေ ရောင်းချမယ့်အစီအစဉ်က အရေးပါတဲ့ မဟာမိတ်နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကို တိုး တက်အောင်လုပ်ဆောင်ခြင်းဖြင့် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တွေနဲ့ အမျိုးသားလုံခြုံရေး ဉီးတည်ချက်တွေကို အထောက်အပံ့ဖြစ်စေမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

တာဝေးပစ်ဒုံးကျည်ရောင်းချမှုကြောင့် ဂျပန်နိုင်ငံရဲ့ လက်ရှိနဲ့အနာဂတ် စိန်ခေါ်မှုတွေ ဖြည့်ဆည်းပေးမယ့် ဂျပန်နိုင်ငံရဲ့စွမ်းရည်ကို တိုးတက်လာစေမယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

ကိုးကား – NHK
Ref; US govt. approves potential sale of standoff cruise missiles to Japan

#Ayeyarwaddy_Times