နွေဦးမောင် ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ရက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး-ချောင်းဆုံ ကားလမ်းမကြီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ လှုပ်ရှားသွားလာမှု များပြားနေ၍ ပြည်သူများအနေဖြင့် ကြေညာချက် အသစ်ပြန်လည်ထုတ်ပြန်မှု မရှိမခြင်း အဆိုပါ လမ်းကို အသုံးမပြု ကြရန် ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကားလမ်းမကြီးများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေ၍ အသုံးမပြုရန် မေတ္တာရပ်ခံ အကြောင်းကြားခြင်းဖြစ်ကြောင်း မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

“ အဲ့ဒီလမ်းမကြီးတွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။ နောက် စစ်ကောင်စီတပ်က ဒေသခံတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်ပါတယ်။ မလိုလားအပ်တဲ့ အခြေအနေနဲ့ ဒေသခံပြည်သူတွေ ထိခိုက်နစ်နာမှု ရှိနိုင်တာကြောင့် မုံရွာ-မန္တလေး-ချောင်းဆုံလမ်းပိုင်းကို အသုံးမပြုဖို့ မေတ္တာရပ်ခံ အကြောင်းကြားတာ ဖြစ်ပါတယ်” ဟု မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း အဆိုပါလမ်းမကြီးများတွင် စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာ၍ နောက်ထပ်တစ်စုံတရာ ကြေညာချက် မထုတ်သေး ချိန်အထိ သွားလာခြင်းမပြုဘဲ ရှောင်ရှားပေးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများ ထံကသိရသည်။

#မုံရွာမန္တလေးချောင်းဆုံကားလမ်းမ #ခရီးသွားပြည်သူများ #ရှောင်ရှားရန် #တော်လှန်ရေးအင်အားစု #ကြေညာချက်ထုတ်ပြန် #Ayeyarwaddy_Times