
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၉ ရက်
နယူးဒေလီမြို့တော်မှာကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံကို ကိုယ်စားပြုမယ်လို့ ယနေ့ ဖုန်းမှတစ်ဆင့် နှစ်နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးမှုအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို ပြောပါတယ်။
လာမယ့်လမှာ နယူးဒေလီမြို့တော်က လက်ခံကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲမှာ ထွန်းသစ်စစီးပွား ရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ရုရှား၊ တရုတ်၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ကို တိုးချဲ့ဖို့လည်း ခေါင်းဆောင်နှစ်ဉီးက ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း တောင်အာဖရိကနိုင်ငံမှာပြုလုပ်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲမှာ မိုဒီနဲ့ ပူတင် တက်ရောက်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ရုရှားသမ္မတ ပူတင်ကို ဖမ်းဝရမ်းထုတ်ထားလို့ အဆိုပါအစည်းအဝေးကို ပူတင်က အွန်လိုင်းကနေသာ တက်ရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက လက်ခံကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ပူတင်က လူကိုယ်တိုင် မတက် ရောက်ဖူးလို့ ICC စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းဆန်ခဲ့တဲ့ ရုရှားသမ္မတရုံးက ပြောပါတယ်။
နယူးဒေလီမြို့တော်မှာပြုလုပ်မယ့် G20 ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ရုရှားနိုင်ငံကို ကိုယ်စားပြုမယ်လို့ ပူတင်က မိုဒီကို ပြောကြားခဲ့တယ်လို့ အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်တစ်ရပ်အရ သိရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ရုရှားနိုင်ငံဟာ အဓိက ရေနံဖောက်သည်ဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
“နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုတွေကို ဖုန်းပြောဆိုမှုအတွင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်” လို့ ရုရှားသမ္မတရုံးက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။
ရုရှားနဲ့အိန္ဒိယနိုင်ငံတွေက ဒီလအတွင်း လကမ္ဘာခရီးစဉ် စတင်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လကမ္ဘာစူးစမ်းရေး ယာဉ်က လကမ္ဘာမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပေမယ့် ရုရှားနိုင်ငံရဲ့ လကမ္ဘာစူးစမ်းရေးယာဉ်က ပျက်ကျခဲ့ပါ တယ်။
ကိုးကား – Reuters
Ref; Wanted by ICC, Putin will not visit India for G20 summit next month