ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၉ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာတွင် သြဂုတ်လ၂၈ ရက်နေ့ နံနက်၂ နာရီက ဆန်စက်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

ရွှေတချောင်းကျေးရွာရှိ စိန်မြင့်မိုရ်ဆန်စက်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီသတ်နှင့်ကျေးရွာဒေသခံများ တစ်နာရီကြာအောင် မီးငြိမ်းသတ်ခဲ့ရကြောင်းသိရှိရသည်။

” စပါးလှောင်တဲ့ ဂိုထောင်က စလောင်တယ်လို့ထင်တာပဲ၊ အဲ့ဆန်စက်ကပဲ မီးခဏခဏလောင်နေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုကြောင့်ဆန်စက်အတွင်းမှ အလုပ်သမားနေအိမ်အချို့နှင့် ဆန်၊ စပါးသိုလှောင်ရုံများဆုံးရူံးခဲပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိ ပဲ မီးလောင်ရခြင်းအကြောင်းရင်းကိုစုံစမ်းနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဩဂုတ်လအတွင်း ပထမဆုံးအကြိမ်မီးလောင်ခဲ့မှုဖြစ်ပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ရှိ မရှိ

အား မသိကြောင်း ဒေသခံများမှ ပြောသည်။

#မော်လမြိုင်ကျွန်း #ဆန်စက် #မီးလောင် #စစ်ကောင်စီတပ် #Ayeyarwaddy_Times