ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၉ ရက်

မြန်မာရေတပ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုးခန့်တန်ကြေးရှိ Sonar System တွေ ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံသား ၂ ဦးက သူတို့မှာ အပြစ်ရှိကြောင်း ဩဂုတ်လ ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

Hydronav Services မှ အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ အေဂတ်ကန်ဂျာနာဆိုသူနဲ့ ဒါရိုက် တာတစ်ဉီးဖြစ်သူ ဝေအွန်ချွန်ကို မြန်မာနိုင်ငံသို့ တားမြစ်ထားတဲ့ လက်နက်တွေအပါအဝင် စင်ကာပူရဲ့ မဟာဗျု ဟာမြောက် ကုန်ပစ္စည်းများအက်ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး စွဲချက် ၂ ခုနဲ့ တရားစွဲဆိုထားပါတယ်။

နှစ်ဉီးစလုံးက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး အသက် ၇၀ နှစ်အရွယ် ဝေ အွန်ချွန်က Hydronav Services ရဲ့ သွင်းကုန်/ပို့ကုန်မှာ ပါဝင်ခဲ့တဲ့ တစ်ဉီးတည်သော ဒါရိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပုဂ္ဂိုလ်နှစ်ဉီးဟာ မြန်မာရေတပ်အတွက် ပင်လယ်ကြမ်းပြင်ပုံထုတ်တဲ့ Sonar System ပစ္စည်းကိ ရိယာတွေကို မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Light of Universe မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းဖိုး ရောင်းချခဲ့တာပါ။

အဆိုပါ Sonar System ကို စစ်ဘက်နဲ့ အရပ်ဘက်အသုံးပြုဖို့ အမျိုးအစားခွဲခြားထားပေမယ့် စစ်ရေး ရည်ရွယ်ချက်နဲ့ အသုံးပြုခဲ့တဲ့ အထောက်အထား မတွေ့ရဘူးလို့ တရားရုံးက ဆိုပါတယ်။

Sonar System ကိရိယာတွေကို အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီတခုသို့ ရောင်းချဖို့ဆိုပြီး အဆိုပါပုဂ္ဂိုလ်နှစ်ဉီး က နော်ဝေနိုင်ငံ Kongsberg ရေကြောင်းကုမ္ပဏီကို လိမ်ညာခဲ့တယ်လို့ စင်ကာပူအစိုးရရှေ့နေက ပြောပါတယ်။

မြန်မာရေတပ်သို့ Sonar System ကိရိယာတွေ ရောင်းချတယ်ဆိုတဲ့ တိုင်တန်းချက်တွေ စင်ကာပူအ ကောက်ခွန်ဌာနက လက်ခံရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ တာဝန်ရှိသူတွေက Hydronav Services ဝင်ရောက်စီးနင်းခဲ့ရာ မှတ်တမ်းတွေ၊ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
Hydronav Services ကို စင်ကာပူဒေါ်လာ တသန်းကျော် ဒဏ်ငွေရိုက်ဖို့ အစိုးရရှေ့နေတွေက တရားရုံး ကို တင်ပြထားတယ်လို့ သိရပါတယ်။

ကိုးကား – The Straits Times
Ref; Two S’poreans admit role in illegal $2m sale of sonar that ended up with Myanmar Navy

#Ayeyarwaddy_Times