ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၉ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့၊ အောင်ဆန်းရပ်ကွက် ၁၀ လမ်းတွင် သြဂုတ်လ ၂၃ ရက်နေ့က နာရေးဖဲဝိုင်းကိုစစ်ကောင်စီက ၀င်ရောက်ဖမ်းဆီး ရိုက်နှက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရှိရသည်။

မနက်ဆွမ်းကပ်ရန်အတွက် စောင့်အိပ်သည့်သူများ ပြုလုပ်သည့် နာရေးဖဲဝိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရိုက်နှက်ကာ ပိုက်ဆံများယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနက် ဆွမ်းကပ်ဖို့ စောင့်တဲ့လူတွေ အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားပြီး ဖဲရိုက်နေတာ။ စစ်တပ်က ဗိုလ်မှူးဆိုတဲ့လူနဲ စစ်သား ၆ ဦး ၀င်ဖမ်းတာ၊ ပိုက်ဆံတွေလဲအကုန်သိမ်းသွားတယ်။ လူတွေကိုလဲ ဒူးထောက်ခိုင်းပြီး ရိုက်ပြီးခေါ်သွားတာ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦးမှ ဖဲဝိုင်းကို ဓါတ်ပုံရိုက်တိုင်ကြားခြင်းဖြစ်ပြီး နာရေးအိမ်ရှင်အပါအ၀င် အမျိုးသား ၆ ဦးကို ဖမ်းဆီးပြီးလောင်းကစားပုဒ်မနဲ့ အမှုဖွင့်ဖို့ပြုလုပ်နေကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။

​ရေကြည်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီကတရားဝင်ခွင့်ပြုပေးသော လောင်းကစားဝိုင်းများကို
ရန်ကုန်၊ မန္တလေးမြို့များက ကြက်တိုက်လောင်းကစား ပြုလုပ်သူများပင် လာရောက်ကစားနေကြပြီး ယခု ရပ်ကွက်နာရေးဖဲဝိုင်းကိုသာ အဖမ်းပြ ခြင်းဖြစ်ကြောင်းဒေသခံများကသုံးသပ်ပြောဆိုသည်။

#ရေကြည်မြို့ #စစ်ကောင်စီတပ် #ဖဲဝိုင်း #နာရေးအိမ် #Ayeyarwaddy_Times