ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်

နိုင်ဂျာအာဏာသိမ်းစစ်တပ်က နီယာမေမြို့တော်ရှိ ပြင်သစ်သံရုံးသို့ အစားအသောက် ပေးပို့ခွင့်မပြုသလို ရေနဲ့လျှပ်စစ်မီးကိုလည်း ဖြတ်တောက်လိုက်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ဂျာစစ်ခေါင်းဆောင်ပိုင်းက ဇင်ဒါမြို့ရှိ ပြင်သစ်ကောင်စစ်ဝန်ရုံးကိုလည်း အလားတူအရေးယူမှုမျိုး လုပ်ဆောင်ခဲ့တယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။

နိုင်ဂျာနိုင်ငံရှိ ပြင်သစ်အခြေစိုက်စခန်းတွေရဲ့ မိတ်ဖက်အားလုံးကို ရေ၊ လျှပ်စစ်မီးနဲ့ အစားအသောက်တွေ ပေးပို့တာရပ်ဆိုင်းဖို့ နိုင်ဂျာ အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ အယ်လ်အစ်ဆာဟတ်ဆော်မီက ညွှန်ကြားခဲ့ တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပြင်သစ်သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အခြေစိုက်စခန်းတွေကို ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ဆက်လက်ဆောင် ရွက်ပေးသူမှန်သမျှကို နိုင်ဂျာနိုင်ငံရဲ့ ရန်သူတွေအဖြစ် သတ်မှတ်မယ်လို့ သူက ဆိုပါတယ်။

နိုင်ဂျာအာဏာသိမ်းစစ်တပ်က ပြင်သစ်သံအမတ်ကြီးကို ၄၈ နာရီအတွင်း တိုင်းပြည်တွင်းမှထွက်ခွာသွား ဖို့ ညွှန်ကြားပြီးနောက် အခုလိုမျိုး ပြင်သစ်သံရုံးသို့ ရေ၊ အစားအစာနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ခဲ့တာပါ။

နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇွမ် ဖြုတ်ချခံရပြီး ပြင်သစ်သံအ မတ်ကြီး ဆယ်လ်ဗိန်းကို ၄၈ နာရီအတွင်း နိုင်ဂျာနိုင်ငံမှ ထွက်ခွာသွားဖို့ နှင်ထုတ်ပြီးနောက် တင်းမာမှုတွေ ဖြစ် လာခဲ့တာဖြစ်ပါတယ်။

သမ္မတကိုယ်ရံတော်တပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အဒူရာမန်နေးက ဇူလိုင်လ ၂၆ ရက်မှာ သမ္မတ ဘာ ဇွမ်ကို ရာထူးမှဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုကို ဉီးဆောင်ပြီးနောက် နိုင်ဂျာနိုင်ငံမှာ ကစဉ့်ကလျားအခြေအနေ တွေ ဖြစ်လာခဲ့တာပါ။

နီယာမေမြို့တော်တော် နိုင်ငံသားတွေအပြင် အခြားနိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်သစ် နိုင်ငံက ဒီလအစောပိုင်းမှာ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Nigerien authorities cut off electricity, water to French Embassy: Reports

#Ayeyarwaddy_Times