
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဩဂုတ်လ ၂၉ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက် ၆ နာရီမှ စတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားကြောင်းသိရသည်။
စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်သည့်အပြင် ဟားခါးမြို့မှ လက်နက်ကြီးများလည်း အဆက်မပျက်ပစ်ကူပေးကြောင်းဒေသသတင်းအရင်းများထံမှ သိရသည်။
ထန်တလန်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)မှ တပ်ဖွဲ့ဝင် ငါးဦိး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)မှ တပ်ဖွဲ့ဝင် လေး ဦး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)မှ တပ်ဖွဲ့ဝင် တစ်ဦးတို့ ကျဆုံးသွားကြောင်းသိရသည်။
ဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားဆက်လက်ဖြည့်တင်းနေကြောင်းသိရပြီး စစ်ကောင်စီတပ်၏ သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးပေ။
ထန်တလန်မြို့တိုက်ပွဲနှင့် ပတ်သက်၍ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို ဆက်သွယ်ရန် ကြိုးစားနေပြီး လက်ရှိသတင်းဖော်ပြသည့် အချိန်အထိ ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။
ဓာတ်ပုံ-ကျဆုံးသွားသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တချို့။
#ထန်တလန်မြို့တိုက်ပွဲ #ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ #တပ်ဖွဲ့ဝင်၁၁ဦးကျဆုံး
#Ayeyarwaddy_Times