ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့ကစပြီး မြို့တွင်းသို့ စျေးလာရောက်ဝယ်ယူနေသည့်ဒေသခံများအား စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှယာဥ်စည်းကမ်းထိန်းအကြောင်းပြ၍ စစ်ဆေးပြီး ငွေကျပ် တစ်သိန်းထက်မနည်းတောင်းယူနေကြောင်းမြို့ခံများထံမှ သိရသည်။

ဩဂုတ်လနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှစစ်ဆေးမှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများမှ​ပြောသည်။

” မြို့ထဲဆိုင်ကယ်နဲ့ စျေးသွားဝယ်တာ၊ မြို့အဝင်ပဲရှိသေးတယ်။ရဲတွေကောစစ်တပ်တွေကဆိုင်ကယ်စီးတဲ့သူမှန်သမျှအကုန်စစ်ဆေးခံရတာ။ နောက်ပြီး ဦးထုတ်ဆောင်းတဲ့သူကျတော့ လိုင်စင်တောင်းစစ်တယ်။ ဖင်ထိုင်ခုံအောက်တွေဖွင့်ပြရတယ်။လိုင်စင်မပါတဲ့သူတွေဦးထုတ်မဆောင်းတဲ့သူကျတော့ငွေညစ်တောင်းတွေ့ခဲ့ရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သပြေပင်စုကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆိုင်ကယ်ဦးထုတ်မဆောင်းသူများအား တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းခွဲမှ တစ်သိန်းခွဲကျော် အထိ စစ်ကောင်စီတပ်မှအတင်းအကျပ်တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

” ကျွန်တော်ဆိုင်ကယ်ဦးထုတ်မဆောင်းလာမိတာ တစ်သိန်းခွဲအတောင်းခံရတယ်။ ကျန်တာအကုန်ပါလည်းမရဘူး။အရင်ကတခါအဖမ်းခံရလို့ထပ်ပြီးတောင်းတာတဲ့။ တချို့ဆိုမပေးနိုင်လို့ ရဲစခန်းကိုခေါ်သွား​တာတွေရှိနေတယ်” ဟု ရွာသစ်တောင်ကျေးရွာဒေသခံလူငယ်အမျိုးသားတစ်ဦးကဆိုသည်။

ဟင်္သာတမြို့တွင်း၌သြဂုတ်ပထမအပတ်ကစပြီးစစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့မှလုံခြုံရေးအကြောင်းပြ၍နေ့ရောညပါ ကင်းပတ်မှုနှင့်ယာဥ်စစ်မှုများရှိနေသော်လည်းလောင်းကစား၊မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများပိုမိုများပြားလာကြောင်း မြို့ခံများထံကသိရသည်။

ဓာတ်ပုံ – ဟင်္သာတမြို့တွင်းနေရာကိုတွေ့နေရစဥ်။

#ဟင်္သာတမြို့#စစ်ကောင်စီတပ် #ဆိုင်ကယ်ဖမ်း #ငွေတောင်း #Ayeyarwaddy_Times