
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်
ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့အကြီးအကဲ ယက်ဗ်ဂျီနီပရီဂိုဇင်နဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ Tver ဒေသက လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားပြီလို့ ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက သြဂုတ်လ ၂၈ ရက်မှာ အတည်ပြုခဲ့ ပြီး သေဆုံးသူတွေရဲ့ DNA စစ်ဆေးမှုရလဒ်တွေကို ကြေညာလိုက်ပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ဘယ်တော့မှ သိရမှာမဟုတ်ဖူးလို့ အနောက်နိုင်ငံတွေမှ လေ့လာ သူတွေက ယုံကြည်ပေမယ့် ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါ တယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ရဲ့ တပ်မှူး ဒီမီထရီအူကင် အပါအဝင် လေယာဉ်ပေါ်ပါသူ ၁၀ ဉီးစလုံး လေယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လေယာဉ်ပျက်ကျခဲ့တာဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်း က ယူဆနေပြီး ပရီဂိုဇင် သေဆုံးရတာ ရုရှားသမ္မတရုံးရဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုလို့ ရုရှားနိုင်ငံရှိ လူပုဂ္ဂိုလ်အချို့ က ယုံကြည်နေပါတယ်။
လက်နက်ကိုင်ပုန်ကန်မှုအတွက် အပြစ်ပေးမှုအဖြစ် ပရီဂိုဇင်ကို လုပ်ကြံသတ်ဖြတ်ရာမှာ ရုရှားသမ္မတရုံး ပါဝင်ခဲ့တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေဟာ အလိမ်အညာတွေလို့ ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနဲ့ စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ကို ရာထူးမှဖြုတ်ချ ဖို့ ကြိုးပမ်းတဲ့ ဇွန်လအတွင်း ဝဂ္ဂနာတပ်ဖွဲ့ရဲ့ ပုန်ကန်မှုကို ပရီဂိုဇင်က ဉီးဆောင်ခဲ့ပါတယ်။
ပရီဂိုဇင်ဟာ လိုအပ်တဲ့ရလဒ်တွေ အောင်မြင်ခဲ့တဲ့ အရည်အချင်းရှိလူတစ်ဉီး ဖြစ်ပေမယ့် အမှားအယွင်း တွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတ ဗလာဒီမာပူတင်က မှတ်ချက်ပြုဖူးပါတယ်။
အခြားထင်ရှားတဲ့ ရုရှား နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေက ပရီဂိုဇင်ရဲ့ ဉီးဆောင်မှုနောက် လိုက်ခဲ့ ကြပြီး အကြမ်းပတမ်းခံ တိုက်ခိုက်ရေးသမားတစ်ဉီးအဖြစ် ချီးကျူးကာ ယူကရိန်းစစ်ပွဲမှာ အောင်ပွဲရအောင် ဉီး ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပရီဂိုဇင်နဲ့ ခေါင်းဆောင်တွေ သေဆုံးသွားပြီးနောက် ဝဂ္ဂနာတပ်ဖွဲ့ရဲ့အနာဂတ် မသေချာတော့ဘဲ ယင်းအ ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို ရုရှားနိုင်ငံနဲ့အဆင်ပြေတဲ့ လူပုဂ္ဂိုလ်တွေက တာဝန်ယူဖွယ်ရှိနေပါတယ်။
လက်နက်ကိုင်ပုန်ကန်မှုဖြစ်ပြီးနောက် ထောင်ချီတဲ့ ဝဂ္ဂနာတိုက်ခိုက်ရေးသမားတွေဟာ ဘီလာရုစ်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ပြီး အချို့က ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ အချို့က အိမ်ပြန်သွားခဲ့ကြပါတယ်။
ပရီဂိုဇင်ရဲ့လုံခြုံရေးကို သမ္မတ ပူတင်ရဲ့စကားနဲ့ အာမခံခဲ့ပြီး သူ့အနေနဲ့ ရုရှား၊ အာဖရိကတိုက်မှာ လွတ် လပ်စွာ သွားလာနိုင်တယ်လို့ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။
ပရီဂိုဇင် သေဆုံးမှုက ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သူ သို့မဟုတ် သမ္မတ ပူတင်ကို စိန်ခေါ်သူမှန်သမျှ လုပ် ကြံသတ်ဖြတ်ခံရမယ်ဆိုတဲ့ သံသယကို ရှိလာစေပါတယ်။
ကိုးကား – The Washington Post
Ref; Russia confirms Wagner chief Prigozhin’s death after DNA tests