ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်

Pheu Thai ပါတီဉီးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းနေပြီး အစိုးရအဖွဲ့ဝင် ရာထူးနေရာတွေကို ၃ ရက် သို့မဟုတ် ၄ ရက်အတွင်း အပြီးသတ်မယ်လို့ ဝန်ကြီးချုပ် ဆရီသာသာဗီဆင်းက ပြောပါတယ်။

Pheu Thai ပါတီက စီးပွားရေးရာကိစ္စရပ်တွေကို ကြီးကြပ်မှာဖြစ်ပြီး ပါတီတွင်း ဝန်ကြီးနေရာခွဲဝေမှု ပြီးစီးပြီလို့ သူက ဆိုပါတယ်။ ဝန်ကြီးချုပ်ရာထူးအပြင် ဘဏ္ဍာရေးဝန်ကြီးပါ တာဝန်ယူမယ်ဆိုတဲ့ ထင်မြင်ယူဆ ချက်တွေအတွက် သာဗီဆင်းက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဆိုပြုထားတဲ့ ဝန်ကြီးတွေအတွက် စစ်ဆေးမှုလုပ်ငန်းစဉ်ကို လာမယ့် တနင်္လာနေ့မှာ စတင်ဖို့ မျှော်မှန်း ပြီး အစိုးရအဖွဲ့က မျှော်လင့်ထားတာထက်စောပြီး လွှတ်တော်ရှေ့မှောက် မူဝါဒကြေညာချက်တစ်ရပ် ချပြနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

Pheu Thai ပါတီက လယ်ယာစိုက်ပျိုးရေးဝန်ကြီး ရာထူးနေရာကို အခြားပါတီကို ပေးမယ်ဆိုရင် ထောက်ခံတာရုတ်သိမ်းမယ်လို့ လယ်သမားတွေက ခြိမ်းခြောက်ခဲ့တာကြောင့် အဆိုပါရာထူးကို Pheu Thai ပါတီ ကသာ ရယူဖို့ သာဗီဆင်းကို တိုက်တွန်းမယ်လို့ Pheu Thai ပါတီမှ လွှတ်တော်အမတ် ဆွမ်ဆတ်သီဆူတင်က ပြောပါတယ်။

ပါလန်းပရာချရတ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး သာမာနတ်ပရွမ်ပေါက လယ်ယာစိုက်ပျိုးရေးနဲ့ သ မဝါယမဝန်ကြီးနေရာအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

အောက်လွှတ်တော်မှာ အမတ်နေရာ ၃၁၄ နေရာ ရရှိခဲ့တာကြောင့် Pheu Thai ပါတီဉီးဆောင်တဲ့ အစိုးရ အဖွဲ့သစ်ဟာ တည်ငြိမ်မှုရှိမယ်လို့ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနူကရီယာဂမ်က ပြောပါတယ်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတဲ့အတွက် ချီးကျူးဂုဏ်ပြုကြောင်း ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ခေါင်းဆောင် ပီတလင်းဂျာရိုရတ်က ပြောကြားခဲ့ပြီး သာဗီဆင်းအနေနဲ့ ပြည်သူ့အသံကို နားထောင်သရွေ့ အောင်မြင်မှုရမယ်လို့ အကြုံပြုလိုက်ပါတယ်။

MFP အနေနဲ့ အတိုက်အခံပါတီတစ်ခုအဖြစ် အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ပီတလင်းဂျာရိုရုတ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Full cabinet line-up out soon: Srettha

#Ayeyarwaddy_Times