ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်

မြန်မာစစ်ကောင်စီက အရှေ့တီမော ထိပ်တန်းသံတမန်ကို တိုင်းပြည်မှထွက်ခွာဖို့ ညွှန်ကြားခဲ့တယ်လို့ အ ရှေ့တီမောအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီက အဆိုပါကိစ္စနဲ့ပတ်သက်လို့ မည် သည့်ကြေညာချက်မှ မထုတ်ပြန်ခဲ့သလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကိုလည်း မှတ်ချက်ပြုဖို့ ဖုန်းခေါ်ဆိုလို့ မ ရပါဘူး။

အရှေ့တီမောနိုင်ငံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်း ပြန်လျှောက်လှမ်းဖို့ ကြိုးပမ်းမှုအားလုံးကို ထောက်ခံဖို့ အရေးပါတာကို ထပ်လောင်းအတည်ပြုပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ထုတ်ဖော် ပြောဆိုကာ လူ့အခွင့်အရေးကို လေးစာသမှုရှိဖို့နဲ့ မြန်မာ့အရေးအတွက် ငြိမ်းချမ်းသော၊ အပြုသဘောဆောင်သော အဖြေရှာဖို့ စစ်ကောင်စီကို တိုက်တွန်းတယ်လို့ အရှေ့တီမောအစိုးရက မနေ့ကနှောင်းပိုင်းမှာ ပြောကြားခဲ့ပါ တယ်။

အရှေ့တီမော နိုင်ငံရေးသမားတွေက မြန်မာစစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ် တန်းကိုယ်စားလှယ်တစ်ဉီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အရှေ့တီမော သံရုံးယာယီတာဝန်ခံဟာ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၁ ရက်မတိုင်မီ ထွက်ခွာရမယ် လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဉီးအောင်မျိုးမင်းက သူ့ရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအများအပြားက မြန်မာနိုင်ငံမှာ သံရုံးယာယီတာ ဝန်ခံတွေသာ တာဝန်ပေးထားပါတယ်။ စစ်ကောင်စီက သံတမန်တွေကို နှင်ထုတ်တာ ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပါ တယ်။

စစ်တပ်က အာဏာသိမ်းယူကာ အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာကြောင့် မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုတွေ၊ စီးပွားရေး ကစဉ့်ကလျားအခြေအနေတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ကိုးကား – Reuters
Ref; East Timor condemns Myanmar’s expulsion of top diplomat

#Ayeyarwaddy_Times