ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၇ ရက်

ရိုဟင်ဂျာဒုက္ခသည်တွေ စေတနာ့အလျောက် ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။

“ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေဟာ ပဋိပက္ခနဲ့ ဆိုင်ကလုန်း မိုခါကြောင့် ထိခိုက်ပျက်စီးမှု တွေ ကြုံတွေ့ခဲ့ရပါတယ်။ ရိုဟင်ဂျာတွေ မူလဇာတိ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ် သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကုလသမဂ္ဂက ဆက်လက်ပံ့ပိုးကူညီမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပူးတွဲတုံ့ပြန်ရေးစီမံချက်ကို ပံ့ပိုးဖို့နဲ့ လူသားချင်းစာနာမှု အကျပ်အတည်း မဖြစ်ပေါ်ရေး တားဆီးနိုင်ဖို့ လုပ်ဆောင်စရာတွေ များစွာ ရှိသေးတယ်လို့ သူက ဆိုပါတယ်။

“ရိုဟင်ဂျာအရေး ဖြေရှင်းဖို့နဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံမှာ တာရှည်ခံသော ငြိမ်းချမ်းရေးရရှိဖို့ မတရား ခံရသူတွေအတွက် တရားမျှတမှုရရှိဖို့ ဒေသတွင်း နိုင်ငံတွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ လက်တွဲဆောင်ရွက် ဖို့ ကုလသမဂ္ဂက သံန္နိဌာန်ချထားပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအ ဝင် ရိုဟင်ဂျာဒုက္ခသည် ၇၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ၂၄၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အွန်တာရီယို နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (OIDA) ရဲ့ အစီရင်ခံစာတစ်ရပ်က ဖော်ပြပါတယ်။

ရိုဟင်ဂျာအမျိုးသမီး ၁၈၀၀၀ ထက်မနည်း မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ မုဒိမ်းကျင့်တာခံခဲ့ရပြီး ရိုဟင် ဂျာနေအိမ် ၁၁၅၀၀၀ ကျော် မီးရှို့ခံခဲ့ရကာ နေအိမ် ၁၁၃၀၀၀ ခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား – Anadolu
Ref; UN pledges continued support for voluntary, dignified return of Rohingya refugees

#Ayeyarwaddy_Times