ဧရာဝတီတိုင်းမ်
ဘူးသီးတောင်၊ သြဂုတ် ၂၆ ရက်

မောင်တောခရိုင်ရှိမွတ်ဆလင်ကျေးရွာတွေမှာ အာဆာအဖွဲ့ဝင်တွေ ရွာသားတွေကိုစည်းရုံးရေးဆင်းနေကြတယ်လို့ မွတ်ဆလင်ရွာသားတွေနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီလိုမျိုးစည်းရုံးရေးဆင်းနေကြတာဟာ ဒီနှစ်ဆ န်းပိုင်းကတည်းကဖြစ်ပေမယ့် ဒီလထဲမှာပိုမိုပြုလုပ်လာကြတာလို့ဆိုကြပါတယ်။

ဘူးသီးတောင်မြို့နယ်၊သေကံခွဆုံမွတ်ဆလင်ကျေး ရွာဗလီမှာ သြဂုတ်လ ၂၅ ရက်၊ဒီနေ့နေ့လည်တစ်နာ ရီကျော်ခန့်အာဆာအဖွဲ့ဝင်တချို့အစည်းအဝေးပြု လုပ်ခဲ့ကြတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

“အဲဒီခွဆုံကျေးရွာဗလီထဲမှာ ဒီနေ့ နေ့ လယ် ၁နာရီကျော်က အစည်းအဝေးလုပ်ကြတယ်။သူတို့အစ ည်းအဝေးလုပ်နေကြတာကို သတင်းတွေထွက်သွားတော့မြန်မြန်ပြောပြီးရပ်လိုက်ကြတယ်။ပြီးရင် ဝက် မကျရွာဖက်သို့ထွက်သွားကြတယ်။”လို့ ဘူးသီးတောင်မြို့နယ်၊ခွဆုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီအာဆာအဖွဲ့ဟာ ရက္ခိုင့်တပ်တော် (AA)ရဲ့တိုက် ခိုက်ရှင်းလင်းမှုကိုခံခဲ့ရပြီးနောက် လှုပ်ရှားမှုတွေပျောက်နေခဲ့ပေမယ့်စစ်ကောင်စီတပ်ကသေနတ်တွေထောက်ပံ့ပေးလိုက်ပြီးနောက်ပိုမိုအတင်းရဲပြု လုပ်လာကြတာလို့ ဆိုကြပါတယ်။

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊အာကာပျံရွာနဲ့စိမ်းညှင်းပြား(မွတ်ဆလင် )ကျေးရွာတွေနားက မယူတောင်ကြောမှာအခြေချဖို့ကြိုးစားနေတဲ့အာဆာအကြမ်းဖက်သမားတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၈နဲ့ ၁၉နေ့မှာ ရက္ခိုင့်တပ်တော်(AA)က သွားရောက်ရှင်းလင်းခဲ့တယ်လို့ အနီးအနားရှိမွတ်ဆလင်တွေက ဆိုကြပါတယ်။

အဲဒီလိုတိုက်ခိုက်ရှင်းလင်းရေးတွေမတိုင်ခင်ကတ ည်းက အာဆာအဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ့်ကမ့်ထဲကနေ မောင်တောခရိုင်သို့ပြန်လည်ဝင်ရောက်ပြီးစည်းရုံးရေးဆင်းနေကြပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

”အဲဒီအာဆာအဖွဲ့တွေက ကျနော်တို့ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တချို့မှာလည်းမကြာမကြာစည်းရုံးရေးလုပ်တာတွေရှိတယ်။ပြောရမယ်ဆိုရင် ရွာတိုင်းလိုလိုကို သူတို့တွေလာရောက်စည်းရုံးနေတာ။”လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီအာဆာအဖွဲ့ဟာ လေးဖွဲ့အထိကွဲနေကြပြီးဘင်္ဂလားဒေ့ရှ်ကမ့်၊မောင်တောမြောက်ပိုင်းနဲ့ဘူးသီးတောင်မြို့နယ်မှာအခြေချလှုပ်ရှားနေကြတာလို့ အာဆာအဖွဲ့ဝင်ဟောင်းတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအထဲ ဘူးသီးတောင်မြို့နယ်မှာ (၁)အုစ္စတာသ်ခါလဒ်(ခ)ခါလဒ်(ခ)နတလဒုဦးစီးချုပ်(၂)ကာရီမိုဟိတ်ဘုလ္လာ (ဒိုးတန်း၊မောင်တော)တပ်မှူး၊(၃)အဒူရော်ဟိမ်(ခ)နော်ယုမ်-တပ်မှူး၊(၄)လာလူး(သက်ကိုင်ညှာ၊မောင်တော)တပ်မှူး (၅)နုရ်မာမတ်(ဘ)လာလ်မျာ၊(တပ်မှူး) အပါအဝင် စုစုပေါင်း ၁၀၀ ခန့်ပါ၀င်တယ်လို့ Border News Agency က စုံ စမ်းသိရှိရပါတယ်။

“သူတို့တွေမောင်တောမြို့မစျေးထိစျေး လာဝယ်တာတွေရှိတယ်။မောင်တောမြို့နယ်က ရွာသားတွေကို သူတို့ကိုထောက်ခံဖို့ လာစည်းရုံးကြတယ်။”လို့
မောင်တောမြို့ပေါ်မှစျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မောင်တောခရိုင်မှာ အာဆာအဖွဲ့ဝင်တွေလှုပ်ရှားမှုပိုမိုများပြားလာနေသလို ရက္ခိုင့်တပ်တော်(AA)နဲ့ထိတွေ့မှုတွေဖြစ်ခဲ့တာမို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့အ ကြီးဆုံးနဲ့အင်အားအများဆုံးရှိတဲ့ကြိမ်ချောင်းတပ်မအနီးကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၁၂ ရက်နေ့၊ညနေ ၆ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီအာဆာအကြမ်းဖက်သမားတွေဟာ အိမ်စီးကားတစ်စီးကိုမီးရှို့ခဲ့ပြီးကားပေါ်ပါတဲ့မွတ်ဆလင်နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ဆိုကြပါတယ်။

“သူတို့က RSO တွေနဲ့မတူဘူး။အမေးအ မြန်းလည်းကြမ်းသလို ပြန်ပေးဆွဲတာတွေလည်းရှိတယ်။ကော့ပဇားဒုက္ခသည်စခန်းတွေမှာ သူတို့ပြန်ပေးဆွဲယူတာတွေမနည်းဘူး။သတ်ဖြတ်ခဲ့တာတွေလည်းရှိတယ်။ဒါကြောင့် သူတို့တွေဝင်လာရင်ရွာသားတွေ စိုးရိမ်နေကြရတာများတယ်။”လို့ ဘူးသီးတောင်မြို့နယ်၊
ဒိုးတန်းရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီအာဆာအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်၊သပြုချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအနီး အနားမှာ သေနတ်တွေကိုင်ပြီးသွားလာလှုပ်ရှားနေကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာမှပြော ဆိုတုံ့ပြန်တာမရှိဘူးလို့ ရွာသားတွေက ဆိုကြပါတယ်။

အဲဒီအပြင်ဘူးသီးတောင်မြို့နယ်၊ဒိုးတန်းကျေးရွာအနီးမှာလည်း အာဆာအဖွဲ့ဝင်တွေက သေနတ်တွေကိုင်ပြီးသွားလာလှုပ်ရှားနေကြတာမို့ အသက်အန္တ ရာယ်ကိုစိုးရိမ်းကြတဲ့ပညာရေးဝန်ထမ်းဆရာ၊ဆရာ မတွေ ကျောင်းမတက်ရဲကဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-ပြီးခဲ့တဲ့လတတိယအပတ်ကအာဆာထော က်ခံသူတချို့လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ပုံ)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times