ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ရက်စက်သော အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံမှလွဲ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးကို လေးစားသမှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း အကောင်အထည်ဖော်ဆောင်ရာမှာ လုံလောက်တဲ့တိုးတက်မှု မရှိခဲ့ဖူးလို့ ပူးတွဲထုတ် ပြန်ချက်တစ်ခုအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ဒုတိယသံအမတ် ဂျိမ်းစ်ကာယူကီက ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး ကုလသ မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရက်ဖစ်က တံခါးပိတ်အစည်းအဝေးမှာ သူ့ရဲ့ မကြာသေးမီ ကသွားရောက်ခဲ့တဲ့ မြန်မာခရီးစဉ်ကို ရှင်းပြခဲ့ပြီး လက်ထောက်အတွင်းရေးမှူးချုပ် ခါလတ်ကီယာရီက မြန်မာ့အ ရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်း ဖော်ဆောင်ဖို့ လိုအပ်ဆဲဆိုတာ ကို ပူးတွဲထုတ်ပြန်ချက်က ထပ်လောင်းပြောဆိုပြီး ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ အပါအဝင် မတရား ထိန်းသိမ်းထားသူတွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့၊ ဒီမိုကရေစီအဖွဲ့အ စည်းတွေကို ပြန်လည်ဖွဲ့ခွင့်ပြုဖို့၊ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားသမှုရှိဖို့၊ တ ရားဉပဒေစိုးမိုးရေးလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေရဲ့ တူညီဆန္ဒငါးရပ်ကို အပြည့်အဝ ဖော်ဆောင်ဖို့လည်း ပူးတွဲထုတ်ပြန်ချက်က တောင်းဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် မြန်မာပြည်သူ ၁၈ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လို အပ်စေပြီး ပြည်သူ ၁၅ သန်းကျော်ဟာ လုံလောက်တဲ့ အစားအစာမရရှိကာ ပြည်သူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ခဲ့ရတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပူးတွဲထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နဲ့ အခြားတိုင်းပြည်တွေကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းကျော်ရဲ့ ဘေးဒုက္ခနဲ့ပတ် သက်လို့ စိုးရိမ်မိကြောင်း အဖွဲ့ဝင်နိုင်ငံတွေက ပြောပါတယ်။

ရိုဟင်ဂျာပြဿနာ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာတွေရဲ့အခွင့်အရေး ပြန်ပေးဖို့ ကု လသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ဆင်ရေးတွေအတွင်း ထိန်းသိမ်းထားသူတွေ ကို အစုလိုက်အပြုံလိုက်ကွက်မျက်တာနဲ့ ရွာလုံးကျွတ်မီးရှို့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးရေးယန္တယား (IIMM) က ပြောပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ကြောက်မတ်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက IIMM ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်လက်နက်၊ လေယာဉ်ဆီနဲ့ စစ်တပ်ထံ ငွေကြေးစီးဆင်းမှုကို ပိတ်ပင် တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့ ကုလ သမဂ္ဂအသိအမှတ်ပြု သံအမတ်ကြီး ဉီးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – AP
Ref; UN Security Council, minus China and Russia, condemns Myanmar military’s killing of civilians

#Ayeyarwaddy_Times