ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်

ထိုင်ဝမ်သို့ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ခြေရာခံစနစ်တွေ၊ အခြားစစ်လက်နက်တွေ ရောင်းချ မယ့်အစီအစဉ်ကို ချက်ချင်း ဖျက်သိမ်းပေးဖို့ တရုတ်နိုင်ငံက သြဂုတ်လ ၂၅ ရက်မှာ အမေရိကန်နိုင်ငံကို တောင်းဆို ခဲ့ပါတယ်။

“ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်တွေရောင်းချတာ ချက်ချင်း ဖျက်သိမ်းဖို့နဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင် ပေးတဲ့ အန္တရာယ်များတဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းပါတယ်” လို့ နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်က ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြော ကြားခဲ့ပါတယ်။

“အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်မယ့် အစီအမံတွေ တရုတ်နိုင်ငံက လုပ်ဆောင်သွားပါမယ်” လို့ သူက ဆိုပါတယ်။
ခန့်မှန်းချေ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ISRT ခြေရာခံစနစ် တွေ ထိုင်ဝမ်သို့ ရောင်းချပေးဖို့ အမေရိကန်အစိုးရက သြဂုတ်လ ၂၄ ရက်မှာ တရားဝင်အတည်ပြုခဲ့တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်ရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချရေး သဘောတူညီချက်မှာ လေယာဉ်နဲ့ခဲယမ်မီးကျောက် တွေ၊ စမ်းသပ်ရေးကိရိယာတွေ၊ ကွန်ပြူတာဆော့ဝဲတွေနဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရေးလည်း ပါဝင်ပါတယ်။

လက်နက်ရောင်းချရေး သဘောတူညီချက်က ထိုင်ဝမ်ရဲ့ လက်ရှိနဲ့အနာဂတ်ခြိမ်းခြောက်မှုတွေကို ဖြေရှင်း နိုင်တဲ့စွမ်းရည် မြှင့်တင်ပေးပြီး လေကြောင်းရန်ကာကွယ်ရေးကို ထောက်ပံ့ပေးကာ ဒေသတွင်းလုံခြုံရေးကို မြှင့် တင်ပြီး F-16 အစီအစဉ်မှတစ်ဆင့် အမေရိကန်နိုင်ငံနဲ့ သတင်းအချက်အလက်ဖလှယ်မှု မြှင့်တင်ပေးမယ်လို့ ထုတ် ပြန်ချက်က ဆိုပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက လက်နက်ရောင်းချရေး အတည်ပြုချက်ကို ကြိုဆိုခဲ့ပြီး အမေရိကန် နိုင်ငံရဲ့ သဘောတူညီချက်က ထိုင်ဝမ်ဆက်ဆံရေးအက်ဉပဒေအတွက် မဆုတ်မနစ်သော ကတိကဝတ်ဖြစ်ကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် မဟာဗျူဟာမြောက် အရေးပါမှုကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။

ပင်တဂွန်ရဲ့ အရံစစ်လက်နက်တွေထဲကနေ ထိုင်ဝမ်အတွက် ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိ စစ်ရေးအကူ အညီ ပေးအပ်မယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပြီး တစ်လခန့်အကြာမှာ အခုလို စစ်လက်နက်တွေ ရောင်းချမယ့် အစီအစဉ် ဖြစ်လာခဲ့တာပါ။

ထိုင်ဝမ်ဟာ အမေရိကန်နဲ့တရုတ်ကြား သြဇာလွှမ်းမိုးရေး ယှဉ်ပြိုင်ရာနေရာတစ်ခုဖြစ်ပြီး အမေရိကန်နိုင် ငံက ထိုင်ဝမ်ရဲ့ အဓိက စစ်လက်နက်ထောက်ပံ့သူဖြစ်ကာ တရုတ်နိုင်ငံကလဲ ထိုလုပ်ရပ်ကို ထပ်တလဲလဲ ကန့် ကွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြည်မကနေ ခွဲထွက် မယ်ဆိုရင် အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ ပြောကြားထားပါတယ်။

ကိုးကား – La Prensa Latina
Ref; China warns US to “immediately” cancel latest planned arms sale to Taiwan

#Ayeyarwaddy_Times