
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
ဧရာ၀တီတိုင်၊ ကြံခင်းမြို့တွင် သြဂုတ်လ၂၃ ရက်နေ့က မြေသယ် FAW ကားဖြင့်လိုက်ပါလာသည့် ရိုဟင်ဂျာ၂၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးသွားကြောင်းသိရှိရသည်။
ဇီးပင်ကွင်းအုပ်စုရှိ အုတ်ပုံစစ်ဆေးရေးဂိတ်တွင်
မြေသယ်ကားနှင့်လိုက်ပါလာသည့် ရိုဟင်ဂျာအမျိုးသား၂၁ ဦး၊ အမျိုးသမီး ၆ ကိုတွေ့ရှိဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ရခိုင်ပြည်နယ်ကနေ ပွဲစားနဲ့ချိတ်ပြီး၀င်လာတာလို့ယူဆရတယ်၊ ကားသမားကတော့ ဥသျှစ်ပင်ဘက်ကတင်လာတာ လောလောဆယ်တော့စစ်ဆေးနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သြဂုတ်လ ၄ ရက်နေ့က လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စုနှင့် (၄)မိုင်ခန့်ကပ္ပလီ ပင်လယ်ပြင်တွင်စက်လှေတစ်စီးနှင့်အတူ ရိုဟင်ဂျာ ၇၂ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှသိရှိရသည်။
ဧရာ၀တီတိုင်းတွင်၂၀၂၃ခုနှစ်အတွင်း ရိုဟင်ဂျာ များဖမ်းဆီးခံရမှု ၈ ကြိမ်မြောက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။
#ကြံခင်းမြို့ #ရိုဟင်ဂျာ #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Timed