ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်

ရုရှား ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီပရီဂိုဇင်ရဲ့ အထူးလေယာဉ်ပျက်ကျမှုမှာ ရုရှား ပြည်တွင်း ထောက်လှမ်းရေးအဖွဲ့ FSB က ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ ဗြိတိန် ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်တွေက BBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တစ်ချိန်က FSB အဖွဲ့ကို ဉီးဆောင်ခဲ့ပြီး အဆိုပါ ထောက်လှမ်းရေးအဖွဲ့ ဟာ ယခင်က အရေးပါတဲ့ အတိုက်အခံတွေကို သတ်ဖြတ်မှုတွေ၊ သတ်ဖြတ်ဖို့ကြိုးပမ်းမှုတွေမှာ ပတ်သက်ခဲ့ဖူးပါ တယ်။

ပရီဂိုဇင် လိုက်ပါလာတဲ့ Embraer 600 ဂျက်လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက မော်စကိုမြို့တော်ရဲ့ အနောက်ဘက် တိုင်ဗာဒေသမှာ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၀ ဉီးစလုံး သေဆုံးခဲ့ပါတယ်။
ပရီဂိုဇင်ဟာ လေယာဉ်ပေါ်ပါသူစာရင်းမှာ ပါရှိခဲ့ပေမယ့် အလောင်းတွေကိုတော့ မည်သူမည်ဝါဆိုတာ မ ဖော်ထုတ်ရသေးပါဘူး။

လေယာဉ်ပျက်ကျပြီးနောက် ထင်မြင်ယူဆချက်တွေ၊ စွပ်စွဲချက်တွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး လေယာဉ် ကို ဒုံးကျည်နဲ့ပစ်ချခဲ့တာလို့ ဝဂ္ဂနာတပ်ဖွဲ့ဝင်အချို့က အခိုင်အမာပြောကြားခဲ့ပြီး လေယာဉ်ဆင်းကိရိယာမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတာလို့ အခြားသတင်းတွေက ဆိုပါတယ်။

အဆိုပါဂျက်လေယာဉ်ကို FSB အဖွဲ့က ပစ်ချခဲ့တာလို့ BBC ရဲ့ သတင်းရင်းမြစ်တွေက ပြောပေမယ့် ပရီဂို ဇင်ပါတဲ့လေယာဉ်ကို ဘယ်လိုပစ်ချခဲ့တာဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။

“ပရီဂိုဇင်ပါတဲ့လေယာဉ်ကိုပစ်ချဖို့ ရုရှားသမ္မတ ပူတင်က ရုရှားစစ်တပ်ကို သေချာပေါက် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံအခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျု့က ပြောပါတယ်။

FSB အဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ရုရှား အတိုက်အခံပုဂ္ဂိုလ် အလက်ဇီနာဗယ်လ်နီကို ဆိုက်ဘေးရီး ယားမှာ အဆိတ်ခတ်လုပ်ကြံမှု၊ ၂၀၁ ခုနှစ်အတွင်း အတိုက်အခံ နိုင်ငံရေးသမား ဘောရစ်နမ်စတော့ဗ်ကို ကရင်မ လင်နန်းတော်နဲ့ မနီးမဝေးမှာ လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ကိုးကား – The Messenger
Ref; Russian FSB Intelligence Brought Down Prigozhin’s Plane: Report

#Ayeyarwaddy_Times