
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်းတွင် ဩဂုတ်လ ၂၅ ရက်(ယနေ့) မနက်ပိုင်း တည်ဆဲ နဂါးရုံဘုရားပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၁၀ နာရီခွဲအချိန်တွင် တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်းရှိ တည်ဆဲ နဂါးရုံဘုရားပြိုကျမှုဖြစ်ပွားပြီး လူပိမိနေမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။
မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ Repeater ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
လူပိမိနေသည့်အခြေအနေနှင့် ထိခိုက်ဒဏ်ရာရရှိမှု့ခြေအနေများအား ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့
#ဒဂုံမြို့သစ် #နဂါးရုံးဘုရား #ပြိုကျမှုဖြစ်ပွား #လူပိမိနေ #Ayeyarwaddy_Timed