
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၄ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်အတွင်းရှိ သစ်တောများတွင် PDF ဟုစွပ်စွဲခံရသူတစ်ချို့ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အလင်း၀င်ရောက်ခဲ့ပြီးနောက်ပိုင်း လက်နက်နှင့်စခန်းတစ်ချို့ကို သိမ်းဆည်းရမိကြောင်း ဒေသခံများကပြောသည်။
သြဂုတ်လ ၁၅ ရက်ထိ ကြံခင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း စခန်းတစ်ခုနှင့်လက်နက်နှင့်ကျည်များ၊ သရက်စမ်းကျေးရွာအနောက်ဘက်သစ်တောတွင်းမှာ လူနေတဲများနှင့်လက်နက်များသိမ်းဆည်းရမိပြီး PDF များကိုဖမ်းဆီးရမိခြင်းမရှိကြောင်းစစ်ကောင်စီဘက်မှသတင်းထုတ်ပြန်ထားသည်။
“PDFတွေကို ဆန်တွေ လှူဖူးတဲ့သူတွေကို အိမ်တွေကို၀င်ဖမ်းတော့သူတို့ကထွက်ပြေးရ အဲ့ဒါ သူတို့မိသားစုတွေကို ဖမ်းထားပြီး အလင်း၀င်ရင် အကုန်လွှတ်ပေးမယ်ပြောတော့ မိသားစုမျက်နှာနဲ့ပြန်လာတော့ စခန်းရှိတဲ့နေရာတွေကို ပြောပြရတော့တာ “ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခင်က လစဥ်တိုင်း ကြံခင်းမြို့နယ်သစ်တောများအတွင်းစစ်ကြောင်းထိုးမှုများပြုလုပ်နေသော်လည်း ယခု အလင်း၀င်ရောက်သူများ သတင်းမပေးခင်အထိ စခန်းနှင့်လက်နက်များကိုရှာဖွေတွေ့ရှိတာမျိုးမရှိဘူးကြောင်း ဒေသခံများကပြောသည်။
ကြံခင်းမြို့နယ်အတွင်းလက်နက်နဲ့စခန်းတစ်ခု စစ်ကောင်စီဘက်ကသိမ်းဆည်းရမိခြင်းနှင့်ပတ်သတ်ပြီး မြို့နယ်အတွင်းတွင်လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းတွင် ဟိုင်းကြီးမြို့နှင့် မြန်အောင်မြိုနယ်တွင် လက်နက်နင့်စခန်းများကို စစ်ကောင်စီကသိမ်းဆည်းရမိခဲ့ပြီးနောက် ဒေသခံများမှ PDF များကိုကူညီပေးသည်ဟုအကြောင်းပြကာစွတ်စွဲဖမ်းဆီးမှုတွေရှိသောကြောင့် ကြံခင်းဒေသတွင်ယခုလို မတရားစွပ်စွဲဖမ်းဆီးခံရမည်ကို ဒေသခံတွေကစိုးရိမ်နေကြသည်။
#ကြံခင်းမြို့ #PDF #စခန်း #လက်နက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times