ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်

မြန်မာပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတာ၊ ကု လသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အပြည့်အဝ ဖော်ဆောင်ဖို့ တိုက်တွန်းတာနဲ့ မြန်မာ့အ ရေး ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ လုံခြုံရေးကောင်စီမှာ ဖြစ်နိုင် ဖွယ်နည်းလမ်းအားလုံး အသုံးချဖို့ ကတိကဝတ်တွေ မီးမောင်းထိုးပြရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၂ နိုင်ငံနဲ့ ပူးပေါင်းရတဲ့အတွက် အမေရိကန်နိုင်ငံက စိတ်ကျေနပ်ရတယ်လို့ အမေရိကန်သံအမတ်ကြီး သောမတ် လင်ဒါဂရင်းဖီးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ၊ လူနေဧရိယာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခြင်းအားဖြင့် စစ်ကောင် စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ပြည်သူ ၁ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်လင်ဒါဂရင်းဖီးက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေဟာ အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ အပါ အဝင် စစ်ရာဇဝတ်မှုတွေကျူးလွန်တာ တိုးလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား (IIMM) ရဲ့ အစီရင်ခံစာက ဖော်ပြတယ်လို့ သူက ဆိုပါတယ်။

ဒီလဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသန့်စင်မှု ကျူးလွန်ခဲ့တာ ခြောက်နှစ်မြောက်ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာနဲ့ ရာနဲ့ချီတဲ့ပြည်သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ထွက်ပြေးစေခဲ့တဲ့ အဓမ္မ နေရပ်စွန့်ခွာစေတာတွေ ပါဝင်တဲ့ ရိုဟင်ဂျာတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အမရိကန်နိုင်ငံက မမေ့နိုင်ဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကြောက်မတ်ဖွယ်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင် စီအနေနဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုကျော်လွန်ပြီး လုပ်ဆောင်ရမယ့်အချိန်ရောက်ပြီလို့ သူက ဆိုပါတယ်။

ယခုလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌအနေနဲ့ လူ့အခွင့်အရေးဟာ အမေရိကန်နိုင်ငံရဲ့ ဉီးစားပေး နိုင်ငံခြားရေးမူဝါဒဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အပြည့်အဝ အလေးထားဖို့ ထိုက်တန်တယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးပြန်ရဖို့ တောင်းဆိုတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – https://usun.usmission.gov
Ref; Statement by Ambassador Linda Thomas-Greenfield on the Situation in Burma

#Ayeyarwaddy_Times