
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၄ ရက်
နေပြည်တော်နှင့်အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ အထိနာပြီး စခန်းသိမ်းခံရသည်အထိ ဖြစ်ပွားခဲ့သည့်အတွက် ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏တပ်ဖွဲ့မှူးများကို ပြစ်တင်ရှုံ့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းခံရသည်အထိ အထိနာခဲ့သည့် စစ်တပ် ၏ ပေါ့လျော့မှုများကြောင့် နေပြည်တော်နယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့များ၏ စစ်ရေးအားနည်းခြင်း၊ ပေါ့လျော့ ခြင်းတို့အပေါ် တပ်ရင်း တာဝန်ရှိသူများကို စစ်ခေါင်း ဆောင်က ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“နေပြည်တော်နယ်မြေအတွင်းမှာပါ တိုက်ပွဲတွေဖြစ်လာတော့ အောက်ကလူတွေက လိမ်ပြီးအစီရင်ခံ စာ တင်လို့မရတော့ဘူး ဖြစ်သွားတာ။ ကရင်နီခွင်တွေ၊ ကရင်ခွင်တွေကိုကျ အထက်ကိုတင်ပြသလိုနဲ့ အောက်ခြေမှာပဲ အမိန့်ပြန်ပေးပြီး ခိုင်းတာတွေရှိတယ်”ဟု နေပြည်တော်စစ်ဘက်ရေးရာတပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ ခမရ ၄၁၁ တပ်စွဲထားသည့် ဘို့မသံတောင်စခန်းကို PDF ပူးပေါင်းတပ် ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် စခန်းအသိမ်းခံရပြီး တပ်ဖွဲ့၀င်များ သေဆုံးထိခိုက်မှုများပြားခဲ့သည့်အပြင် လက် နက်ခဲယမ်းများလည်း ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရုံးချုပ်သို့ သတင်းတင်ပြရာတွင် PDF များ၏ သာလွန်အင်အားဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် စခန်းကျဆုံးခဲ့ရခြင်းဖြစ် သည်ဟု သတင်းပေးပို့ ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဘို့မသံတောင်၊ ဘို့မအထက်၊ ဘို့မအောက်၊ တောင်မြင့်ရွာမ၊ ရေပူတောင်၊ ရေပူလေး စသည့်ကျေးရွာများမှ ဒေသခံ နှစ်ထောင် ကျော်သည် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
#နေပြည်တော်အနီး #စစ်စခန်းများ #စွန့်လွှတ်ရသည်အထိ #ပေါ့လျော့ #တပ်ဖွဲ့မှူးများကို #စစ်ခေါင်းဆောင် #ပြစ်တင်ရှုံ့ချ
#Ayeyarwaddy_Times