
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်
ပျက်ကျခဲ့တဲ့ လေယာဉ်တစ်စင်းပေါ်မှာ ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာတည်ထောင်သူ ယက်ဂျီနီပရီဂိုဇင် ပါ ဝင်ဖွယ်ရှိတယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ် ခရီးသည် ၁၀ ဉီးရဲ့စာရင်းမှာ ပရီဂိုဇင်ရဲ့အမည် ပါဝင်တယ်လို့ ရုရှား အာဏာ ပိုင်တွေက ပြောပြီး ပရီဂိုဇင် သတ်ဖြတ်ခံရတာလို့ သူနဲ့ပတ်သက်တဲ့ လူမှုကွန်ရက်တစ်ခုက ဆိုပါတယ်။
အဆိုပါ သီးသန့်လေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစဘတ်ဂ်မြို့တော်သို့ သွားရောက်နေချိန် မော်စကိုမြို့ရဲ့ အနောက်မြောက်ဘက်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျတဲ့ ရုပ်သံဖိုင်တစ်ခုကို ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ပြီး လေယာဉ်မပျက်ကျမီ ပေါက်ကွဲသံနှစ်ခု ကြားခဲ့ရတယ်ဆိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဉီးရဲ့ အသံကို ရုပ်သံဖိုင်မှာ ပါရှိပါတယ်။
ရုရှားတပ်ဖွဲ့တွေကိုယ်စား ယူကရိန်းသို့ ထောင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေ စေလွှတ်ခဲ့တဲ့ ပုဂ္ဂလိက ကြေးစားတပ်ဖွဲ့တစ်ခုကို ပရီဂိုဇင်က တည်ထောင်ခဲ့ပါတယ်။
ပရီဂိုဇင်ဟာ ဇွန်လအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပုန်ကန်ဖို့ ကြိုးပမ်းခဲ့တာကြောင့် စစ်တပ် ခေါင်းဆောင်တွေနဲ့ မဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။
ပရီဂိုဇင် ဘယ်နေရာမှာရှိနေတယ်ဆိုတာနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ရှိလာခဲ့ပေမယ့် သူဟာ အာဖရိက တိုက်တစ်နေရာမှာ ရှိနေတယ်လို့ ပရီဂိုဇင်က ပြီးခဲ့တဲ့ တနင်္လာနေ့က ရုပ်သံဖိုင်တစ်ခု တင်ခဲ့ပါတယ်။
ပရီဂိုဇင်ဟာ အာကာသတပ်ဖွဲ့ကိုဉီးဆောင်ဖို့ ရွှေ့ပြောင်းခံခဲ့ရတဲ့ ယူကရိန်းရှိ ရုရှားတပ်မှူးဟောင်း ဆာဂျီ ဆူရိုဗီကင်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။
ဆာဂျီဆူရိုဗီကင်ဟာ ဝဂ္ဂနာတပ်ဖွဲ့ရဲ့ ပုန်ကန်မှုကို ကြိုတင်သိရှိခဲ့သူလို့ ဆိုပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရ သူလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Wagner Group leader Prigozhin on passenger list of downed jet