နွေဦးမောင်/ဧရာဝတီတိုင်းမ်

သြဂုတ်လ၂၄ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း လုံခြုံရေးတာဝန် ယူပေးနေသည့် စစ်ကောက်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (သမန်းကျား)PDF တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲတပ်သားသည် အူစီအမျိုးစား သေနတ် တစ်လက်၊ BA 63 မောင်းပြန် သေနတ် တစ်လက် ၊ G3 ကျည်ဆံ (၁၀)တောင့် ၊ ၉ မမ ကျည် ကိုးတောင့်နှင့် စကားပြေားစက် တစ်လုံးကို ယူဆောင်လာခဲ့ကြောင်း သိရသည်။

“ ရဲတပ်ရင်း (၂၈)ကဖြစ်ပြီး ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တာဝန်ကျနေတာ။ ဩဂုတ် (၂၃)ရက်နေ့က ထွက်ပြေးလာတာ သူဆက်သွယ်တာတော့ကြာပြီ ထွက်ပြေးလို့မလွတ်သေးတာနဲ့အချိန်ကြာသွားတာပါ။ ခုလက်ရှိမှာလက်နက်တွေ ကျည်တွေနဲ့အတူ ရောက်ရှိလာတာဖြစ်တဲ့အတွက် သူကိုလည်းဆုကြေးငွေ ပေးပြီးဂုဏ်ပြုပေးဖို့ စီစဥ်နေကြတယ်” ဟု ဆားလင်းကြီးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ပံတောင်းတောင်ဒေသတွင် တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအား စစ်ကောင်စီတပ်၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် ဦးပိုင်ကုမ္ပဏီနှင့် ကြေးနီတူးဖော်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျှက်ရှိပြီး ကြေးနီတူးဖော်ရေးလုပ်ကွက်များ တိုးချဲ့နိုင်ရေးအတွက် ကျေးရွာများကို အတင်းအကြပ် ဖိအားပေး ပြောင်းရွှေ့ မှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#တရုတ်ကြေးနီးတူဖော်ရေးလုပ်ငန်း #လုံခြုံရေး #ရဲတပ်သား #လက်နက်နှင့်အတူ #တော်လှန်ရေးတပ်ဖွဲ့ထံ #လာရောက်ပူးပေါင်း #Ayeyarwaddy_Times