
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်
ကိုယ့်ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဆီတွေ စစ် ကောင်စီ ဝယ်ယူနိုင်ဖို့ ကူညီတဲ့ နိုင်ငံခြားကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဒေါ်ခင်ဖြူဝင်း၊ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း၊ အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီ ဖြန့်ဖြူး၊ ဝယ်ယူရာမှာပါဝင်တဲ့ ကုမ္ပဏီသုံးခုကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက် တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍနဲ့ ထိတွေ့ဆက်ဆံတဲ့ မြန်မာနိုင်ငံပြင်ပရှိ ကုမ္ပဏီတွေကို ပိတ်ဆို့အရေး ယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီအတွက် အရေးပါတဲ့နယ်ပယ်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်ခြင်းအားဖြင့် ပြည်သူကိုနှိပ်ကွက်နေတဲ့ စစ်ကောင်စီရဲ့ အရင်းအမြစ်တွေကို ချိနဲ့သွားအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးထောက်လှမ်းရေး ဆိုင်ရာ လက်ထောက်ဝန်ကြီး ဘရိုင်ယန်နယ်လ်ဆင်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ ပြည်သူတွေကိုနှိပ်ကွက်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး အားထားလာခဲ့ပါ တယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ ပြည်သူ ၃၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ သောင်းကျန်းသူတွေကိုသာ ပစ်မှတ်ထားတယ်လို့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို အရေးမပါဘူးလို့ဆိုတဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ ထောင်နဲ့ချီတဲ့ အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဏာသိမ်းမှုနောက်ပိုင်း အမေရိ ကန်နဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိနေမှုကို ဖြတ်တောက်ဖို့ရည်ရွယ်ကာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရှာပေးနေတဲ့ MOGE အပါအဝင် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံက ဇွန်လအတွင်း ဒဏ်ခတ်အရေး ယူခဲ့ပါသေးတယ်။
ကိုးကား – VOA
Ref; US Expands Sanctions on Myanmar Jet Fuel, Cites Junta Airstrikes