ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်

မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီအကြီးအကဲရဲ့ မကြာသေးမီက မြန်မာခရီးစဉ်ကို ဝေဖန်ခဲ့ပြီး သူ့ရဲ့ အဆိုပါခရီးစဉ်က လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီ ပေးအပ်ရေးနဲ့ပတ်သက်လို့ မအောင်မြင်ခဲ့သလို အာဏာသိမ်းခေါင်းဆောင်တွေကို တရားဝင် မှု ရရှိစေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဂရက်ဖစ်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း နေပြည်တော်ကိုသွားရောက်ကာ အာဏာသိမ်းမှုကိုဉီးဆောင်ခဲ့တဲ့ စစ်တပ် အကြီးအကဲ မင်းအောင်လှိုင်နဲ့ လက်ချင်းချိတ် နှုတ်ဆက်နေပုံကို နိုင်ငံပိုင် GNLM သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

၃ ရက်ကြာခရီးစဉ်အတွင်း ဖရက်ဖစ်ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုနဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘မိုချာ’ ဘေးသင့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ကျေးရွာတစ်ရွာကို သွားရောက်ခဲ့ပါတယ်။

ဂရက်ဖစ်ဟာ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူငါး ဉီး သေဆုံးခဲ့တဲ့ နေပြည်တော်နဲ့ ရန်ကုန်ကြားက ပဲခူးတိုင်းဒေသကြီးကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

ဂရက်ဖစ်ရဲ့ မြန်မာခရီးစဉ်အတွင်း အကူအညီပေးအပ်နိုင်ရေး တောင်းဆိုခဲ့ပေမယ့် စစ်တပ်နဲ့လက်တွဲရင် အကူအညီပေးအပ်မှု မအောင်မြင်နိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်း ၅၁၄ ခုက ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“UNOCHA နဲ့ အခြား ကုလသမဂ္ဂ လူသားချင်းစာနာမှုအေဂျင်စီတွေက လက်နက်အားကိုးပြီး အကူအညီ တွေကိုသိမ်းယူနေပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု ဘေးဒုက္ခဖြစ်စေတဲ့ တရားမဝင် ရာဇဝတ်ကောင် စစ် ကောင်စီနဲ့ ဆက်ဆံရေးဖြတ်တောက်တာကို မြင်တွေ့လိုပါတယ်” လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါ တယ်။

မြန်မာစစ်တပ်ဟာ သန်းနဲ့ချီတဲ့ အကူအညီလိုအပ်သူတွေထံ အကူအညီတွေမရောက်အောင် စနစ်တကျ ငြင်းဆန်ကာ ပြည်သူတွေ အကူအညီလက်မခံနိုင်အောင် အဟန့်အတားပြုလုပ်နေတယ်လို့ ဇူလိုင်လအတွင်း ကု လသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်ကာတပ်ခ်က ပြောကြားခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် ကွက်မျက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေလိုမျိုး မြန်မာစစ်တပ်ကျူး လွန်တဲ့ စစ်ရာဇဝတ်မှုတွေ တိုးလာတယ်လို့ ဒီလအစောပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးယန္တယား (IIMM) က ပြောကြားခဲ့ပါတယ်။

အကျပ်အတည်း အဆက်ဆက်ကြောင့် မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံဟာ အကူအညီလိုအပ်နေတယ်လို့ ဂရက်ဖစ်က ထုတ်ပြန်ချက်အတွင်း ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့ မြန်မာစစ်တပ် ကို မေတ္တာရပ်ခံခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; UN urged to ‘cut ties’ with Myanmar coup leaders after Griffiths visit

#Ayeyarwaddy_Times