(လူသားချင်းစာနာရေးအကူအညီတွေ ပေးဖို့ NUG၊ EROs၊အရပ်ဖက်အဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း)

ဧရာဝတီတိုင်းမ်
စစ်တွေ၊ဩဂုတ်လ ၂၄ ရက်

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCH A)အကြီးအကဲရဲ့ မြန်မာခ ရီးစဉ်ဟာ ပြည်သူတွေအတွက် တစုံတရာအကျိုးမဖြစ်စေဘဲ စစ်ကောင်စီအတွက် အသုံးချခံခဲ့ရတဲ့ခ ရီးစဉ်သာဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က ဩဂုတ်လ ၂၂ ရက် ရက်
နေ့ထုတ်ပြန်ပါတယ်။

UNOCHAရဲ့အကြီးအကဲMartin Griffithsဟာ ဒီလ ၁၄ ရက်၊၁၅ ရက်‌ တွေမှာ မြန်မာနိုင်ငံသို့ ရောက်လာပြီးစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ရခိုင်စစ်ကောင်စီအဖွဲ့၀င်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

UNOCHAအနေနဲ့ မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ ညှိ နှိုင်းကြိုးပမ်းတာတွေ့ရပေမယ့်အဲဒီခရီးစဉ်ဟာအောင်မြင်မှုမရခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် အဲဒီခရီးစဉ်ဟာ အကြမ်းဖက်စစ်ကောင် စီကို အသိအမှတ်ပြုရာလည်း ရောက်သွားခဲ့ရတယ်လို့ ဆိုကြပါတယ်။

တရားမ၀င်အကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံတာမျိုးမဟုတ်ဘဲ လူထုကို တရား၀င်ကိုယ်စားပြုသူတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးသာ ဆောင်ရွက်သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တော်လှန်ရေးအဖွဲ့တွေ(EROs)၊အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့အကူအညီတွေ ပေးဖို့ကိုလည်း အဲဒီအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

NUG အစိုးရနဲ့ ရက္ခိုင့်တပ်တော်(AA) အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လူသားချင်းစာနာထောက်ထားရေးအကူအညီပေးရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့တွေကို ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီဟာ ကုလနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ကူအညီတွေ ကူညီထောက်ပံ့ခွင့်ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် မိုခါမုန်တိုင်းသင့်ပြည်သူတွေအပါအ၀င် သန်းချီတဲ့ ပြည်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကြပ်အတည်းတွေ တိုးလာနေတယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုကြပါတယ်။

ဒါပေမယ့် UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ကူညီခွင့် ကန့်သတ်ထားမှုနဲ့ အကြမ်း ဖက်ရက်စက်ကြမ်းကြုတ်မှုတွေကို ချန်လှန်ထားခဲ့တဲ့အတွက် အဲဒီအပေါ် အံဩမိတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့စာမှာ ဆိုထားတယ်။

အဲဒီအပြင် UNOCHA ရဲ့စာထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း “နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဌ”ဆိုပြီး သုံးထားကာ ဒါဟာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလ သမဂ္ဂအထွေထွေညီလာခံတို့က ဆုံးဖြတ်ထားခဲ့တဲ့ အချက်တွေနဲ့ သွေဖီနေတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တော့ UNOCHA အကြီးအကဲနဲ့ စစ်ကောင်စီတို့ရဲ့တွေ့ဆုံမှုဟာ အောင်မြင်မှုရှိခဲ့တယ်လို့ မနေ့က သတ င်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘာတွေသဘောတူညီခဲ့ကြတယ်ဆိုတာကိုတော့အသေးစိတ်ထုတ်ပြောတာ မတွေ့ရပါဘူး။

အဲဒီအဖွဲ့တွေထဲမှာရှေ့ပြေးအသံအဖွဲ့၊ကရင်နီအမျိုးသမီးအစည်းအရုံး၊မွန်လူ့အခွင့်အရေးအဖွဲ့၊ကရင်ငြိမ်းချမ်းရေး အထောက်အကူအဖွဲ့၊ချင်းလူ့အခွင့်အရေးအဖွဲ့ စတဲ့ အဖွဲ့တွေအပါအ၀င် အမ ည်မဖော်လိုတဲ့ အဖွဲ့ပေါင်း ၂၆၀ ကျော်လည်း ပါ၀င်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာ ပြည်တွင်း၊ပြ ည်ပကူညီရေးအဖွဲ့တွေအားလုံးကို ခရီး သွားလာခွင့်တွေ ရပ် ဆိုင်းထားဖို့ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က အမိန့်စာထုတ်၊တားမြစ်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှာခွင့်ပြုချ က်ရပြီးသားတဖွဲ့အချို့ကို ပြန်ခွင့်ပြုခဲ့ပေမယ့် အဖွဲ့အားလုံး မပါ၀င်ခဲ့ပါဘူး။

မိုခါကြောင့် လူဦးရေတစ်သန်းခွဲကျော်နဲ့ နေအိမ်သုံးသိန်းနီးပါး ထိခိုက်ပျက်စီးခဲ့ရတဲ့ရခိုင်မှာ ရေဘေးပါထပ်ကြုံလိုက်ရတာမို့ အရေးပေါ်အကူအညီတွေများစွာလိုအပ်နေပြီး နိုင်ငံတကာအနေနဲ့ အမြန်ဆုံးကူညီပေးကြဖို့ ရက္ခိုင့်တပ်တော် (AA)က ဩဂုတ်လ ၁၄ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။

အဲဒီလိုအရေးပေါ် အကူအညီတွေလိုနေဆဲကာလမှာ ကုလသမဂ္ဂ၊နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပကူညီရေးအဖွဲ့တွေကို ကူညီခွင့်ပိတ်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကိုယ်တိုင်ကလည်း ထိရောက်တဲ့အကူအညီတွေ ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ ရခိုင်ဒေသတွင်း အရပ်ဖက်အဖွဲ့တွေနဲ့ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေက ဆိုကြပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၅၂၀ ကျော်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအ တွက် စစ်ကောင်စီအနေနဲ့ ကျပ် ၇ ဘီလီယံ ချထားပေးတယ်လို့ ပြည်နယ်စစ်ကောင်စီက ထုတ်ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီထောက်ပံ့မှုပမာဏဟာ ပျက်စီးမှုတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ကူညီဖို့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းတောင်းခံထားပြီး လက်ရှိမှာ ၂၄ ဒသမ ၂ သန်းပဲ ရထားသေးတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က ဇွန်လကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

(ဓာတ်ပုံ-မိုခါအလွန်တွေ့ရတဲ့စစ်တွေမြို့နယ်က ဒုက္ခ သည်စခန်းတစ်နေရာ/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times