ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ထန်းတောဆိပ်ကျေးရွာကို စစ်ကောင် စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်စီးနင်းခဲ့ရာ ဒေသ ကာကွယ်ရေးတပ်ဖွဲ့၀င် သုံး ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးပြီး တပ်ဖွဲ့၀င်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင်းရှိ ကျေးရွာများကို စစ်ကြာင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းအချိန် ထန်းတောဆိပ်ကျေးရွာအရောက်တွင် ကင်း စောင့်နေသည့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့၀င် နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတော် လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“မနက် ၁ နာရီ၀န်းကျင်လောက်ပဲရှိသေးတယ် ရွာထဲကို သေနတ်တွေပစ်ပြီး စစ်ကြောင်းရောက်လာတာ။ ကင်းစောင့်နေတဲ့ ရဲဘော်နှစ်ယောက်ကို ပစ်သတ်သွား တယ်။ တပ်ဖွဲ့၀င်တွေနဲ့လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သူတို့စစ်ကြောင်းထွက်သွားပြီအထင်နဲ့ ရွာ သားတွေနဲ့ တပ်ဖွဲ့၀င်အချို့က အလောင်းသွားကောက်တာ ကင်းပုန်းတွေချန်ပြီး ထပ်ပစ်ခံရလို့ နောက်ထပ် တစ်ယောက်သေတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကြောင်းသည် ညောင်ပင်ရှည်ရွာကနေ ပေါက်မရွာဘက်ကို စစ်ကြောင်းထိုးချိန်တွင် ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးများနှင့် ဝိုင်းဝန်းပစ်ခတ်ရာ ရှေ့ ဆက်သွားမရဘဲ ထန်းတောဆိပ်ရွာကို စစ်ကြောင်းပြန်လှည့်ချိန် ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၀ ရက်ကစတင်ကာ စစ်ကိုင်းမြို့နယ် အင်းစရွာကို စတင်စစ်ကြောင်းထိုး ၀င်ရောက်ချိန် တပ်ဖွဲ့၀င်များ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ငါး ဦးသေဆုံးခဲ့သဖြင့် အနီးနားရှိ ကျေးရွာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်စစ်ကြောင်းထိုး၀င်ရောက်ရာ ဩဂုတ် ၂၁ ရက်နေ့တွင် အသက် ၂၁ အရွယ်ရှိ မူးမန္တလေး ကျေးရွာမှ အမျိုး သမီးငယ်တစ်ဦး အောက်ပိုင်းပြတ်သေဆုံးခဲ့ရသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်သည် ထန်းတောဆိပ်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး သဲနုပုံရွာသို့ ရောက်ရှိနေကာ စစ်ကြောင်းထိုးခံရသည့် အင်းစ၊ ထန်းတောဆိပ်၊ တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ သဲနုပုံ၊ သာဇင်၊ မူးမန္တလေးစသည့်ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-လက်နက်ကြီးကြောင့် မူးမန္တလေးကျေးရွာမှ အသက် ၂၁ နှစ်အရွယ်အမျိုးသမီးသေဆုံးခဲ့ပြီး နာရေးပုံ

#စစ်ကိုင်း #စစ်ကောင်စီ #ကျေးရွာ #လက်နက်ကြီးများပစ်ခတ် #စစ်ကြောင်းထိုး #PDFတပ်ဖွဲ့၀င်၃ဦး #ဒေသခံအမျိုးသမီး၁ဦးအသတ်ခံရ
#Ayeyarwaddy_Times