ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်

ယူကရိန်းနိုင်ငံရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားရဲ့ အသံထက်မြန်သော ဗုံးကြဲလေယာဉ်တစ်စင်း ပျက်စီးခဲ့ပြီး ရုရှားနိုင်ငံတွင်းရှိ လေဆိပ်တစ်ခုရဲ့အလယ်မှာ မီးလောင်ပြာသွားခဲ့ပုံကို ဓာတ်ပုံတွေက ပြသနေတယ် လို့ သိရပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနမှ လက်ထောက်တစ်ဉီးဖြစ်သူ အန်တန်ဂီရာချန်ကို အပါအဝင် လူအချို့ က လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဓာတ်ပုံတွေမှာ ရုရှားရဲ့ Tu-22M3 အသံထက်မြန်သော တာဝေးသွားဗုံးကြဲလေယာဉ် တစ်စင်း မီးလောင်နေတာကို ဖော်ပြနေပါတယ်။

စိန့်ပီတာစဘတ်မြို့တော်ရဲ့တောင်ဘက် ဆော့ဆီ-၂ လေတပ်အခြေစိုက်စခန်းကို ပစ်မှတ်ထားတဲ့ ယူက ရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အဆိုပါဗုံးကြဲလေယာဉ် ဖျက်ဆီးခဲ့ရလို့ ဗြိတိန်ထောက်လှမ်းရေးက ပြောပါတယ်။

Tu-22M3 ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ထားတဲ့ နော့ဗ်ဂိုရော့ဒေသရှိ စစ်လေယာဉ်ကွင်းတစ်ခုကို ယူက ရိန်းက ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်တာကြောင့် လေယာဉ်တစ်စင်း ပျက်စီးခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့တဲ့စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ ရုရှားလေယာဉ်ကွင်းတစ်ခုအပေါ် တတိယအကြိမ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး တိုင်း ပြည်တွင်းက မဟာဗျူဟာမြောက် တည်နေရာတွေကို ကာကွယ်နိုင်မယ့် ရုရှားရဲ့စွမ်းရည်ကို မေးခွန်းထုတ်စေပါ တယ်” လို့ ဗြိတိန်ထောက်လှမ်းရေးက ပြောပါတယ်။

တိုက်ခိုက်မှုမှာ Copter-style ဒရုန်းတစ်စင်းကို အသုံးပြုခဲ့တာလို့ ဗြိတိန်ပညာရှင်တွေက ပြောကြားပြီး မိုင် ၄၀၀ ကျော်ဝေးတဲ့ နယ်စပ်ကိုဖြတ်ကျော်ကာ လေယာဉ်ကွင်းတွေဆီကိုရောက်ရှိနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဒရုန်းအချို့ကို ရုရှားနိုင်ငံတွင်းကနေ လွှတ်တင်ရတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ Kh-22 ခရုဇ်ဒုံးကျည်တွေ လွှတ်တင်ဖို့ ရုရှားနိုင် ငံက Tu-22M3 ဗုံးကြဲလေယာဉ်တွေ အသုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံက အရင် ပြောဖူးပါတယ်။

ရုရှားနိုင်ငံမှာ တစ်စင်းလျင် ဒေါ်လာ သန်း ၄၀ ဝန်းကျင်တန်ကြေးရှိတဲ့ Tu-22M3 အသံထက်မြန်သော ဗုံး ကြဲလေယာဉ် အစင်း ၆၀ ခန့်ရှိတယ်လို့ အနောက်နိုင်ငံတွေမှ စစ်ရေးကျွမ်းကျင်သူတွေက ယူဆပါတယ်။

ကိုးကား – New York Post
Ref; Dramatic photos show moment after Ukrainian drone reportedly destroyed Russian supersonic bomber

#Ayeyarwaddy_Times