ဧရာ၀တီတိုင်းမ်

ဩဂုတ်လ ၂၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီး ဌာနက တိုင်းနှင့်ပြည်နယ်ရှိ တော်လှန်ရေးတပ်ရင်းများဆီသို့ ဒရုန်းအစင်း ၄၀၀ ကျော်ပို့ဆောင်ထားပြီး ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲ၀င်နေပြီဖြစ်ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချိရေးတာ၀န်များကို လုပ်ဆောင် နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်းများထံ ဒရုန်းအစင်း ၄၀၀ ကျော်ကို ဖြန့်ကျက်ပေးပို့ထားသည်ဟု ဆိုသည်။

ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ကျက်ပို့ဆောင်ထားခြင်း ဖြစ်ပြီး ထိုဒရုန်းများသည် စစ်ကောင်စီတပ်သားများကို စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက်တိုက်ပွဲ၀င်နေသည့် PDF ဒရုန်းများဖြစ်ကြောင်း NUG ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#NUG #ဒရုန်း #၄၀၀ကျော် #PDF #တိုက်ပွဲ၀င်

#Ayeyarwaddy_Times