
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
ဇူလိုင်လ ၂၆ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဖရိကသမဂ္ဂ (AU) က နိုက်ဂျာနိုင်ငံ ကို အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်ပြီလို့ သိရပါတယ်။
AU နဲ့ လက်အောက်ခံအဖွဲ့အစည်းအားလုံးမှာ နိုက်ဂျာသမ္မတနိုင်ငံ ပါဝင်မှုကို ချက်ချင်း ဆိုင်းငံ့ဖို့ ဆုံးဖြတ် လိုက်ကြောင်း အဖွဲ့ဝင် ၅၅ နိုင်ငံပါ ထုတ်ပြန်ချက်တစ်ခုအတွင်း AU က ကြေညာခဲ့ပါတယ်။
နိုက်ဂျာအာဏာသိမ်းမှုနဲ့ပတ်သက်လို့ AU ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက ဒီလ ၁၄ ရက်မှာ ပြု လုပ်တဲ့ အစည်းအဝေးတစ်ရပ်မှာ နိုက်ဂျာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ အစိုးရအပြောင်းအလဲကို ပယ်ချဖို့နဲ့ နိုက်ဂျာအာဏာသိမ်းစစ်တပ် ကို တရားဝင်ဖြစ်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ကြဖို့ AU က အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
နိုက်ဂျာနိုင်ငံသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ရေး အသင့်ပြင်ထားကြဖို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့၊ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝန်း (ECOWAS) တို့ရဲ့ ဆုံးဖြတ်ချက်ကို အကဲဖြတ်ဖို့လည်း အဆို ပါကောင်စီက ညွှန်ကြားခဲ့ပါတယ်။
ECOWAS အနေနဲ့ နိုင်ဂျာအရေးမှာ စစ်ရေးအရ ကြားဝင်ဖျန်ဖြေရေး ဆက်လက်လုပ်ဆောင်ဖို့ အသင့်ရှိနေ ပြီး D-Day ရွေးချယ်ထားတယ်လို့ ထိပ်တန်း ECOWAS တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ECOWAS က အာဏာသိမ်းစစ်တပ်နဲ့ အဆုံးမသတ်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ မပြင်ဆင်ထား ဘဲ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ တပ်ဖွဲ့တွေက အသင့်ရှိတယ်လို့ ဂါနာနိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ECOWAS ကော်မရှင်နာမင်းကြီး အဗ္ဗဒယ်လ်ဖာတူမူဆာက ပြောပါတယ်။
နိုက်ဂျာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဉီးစားပေးဖို့၊ စစ်တန်းလျားကို ချက်ချင်းပြန်ဖို့နဲ့ နိုင်ဂျာနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့အညီ အရပ်သားအာဏာပိုင်တွေထံ အာဏာပြန်ပေးဖို့ AU က ထုတ်ပြန်ချက်အတွင်း နိုက် ဂျာ အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်း နိုက်ဂျာစစ်တပ်နဲ့ ပြည်သူတွေက စစ်ပွဲကို အလိုမရှိဘဲ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထား တယ်လို့ နိုက်ဂျာစစ်တပ်အကြီးအကဲနဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဒိုရာဟာမာနေးက ရုပ်သံမိန့် ခွန်းတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် အမျိုးသား တွေ့ဆုံဆွေးနွေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသွင်ကူး ပြောင်းမှု အခြေခံစည်းမျဉ်းတွေကို ရက် ၃၀ အတွင်း ဆုံးဖြတ်မှာဖြစ်ပြီး အသွင်ကူးပြောင်းမှုက ၃ နှစ်ထက် ပိုမ ကြာသင့်ဘူးလို့ သူက ဆိုပါတယ်။
ကိုးကား – CNN
Ref; African Union suspends Niger in crackdown over coup