ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်

ထိုင်းလွှတ်တော်ဟာ မနေ့ကညနေပိုင်းမှာ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ဆရီသာသာဗီဆင်းကို ထိုင်းနိုင်ငံရဲ့ ၃၀ ဉီးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်သစ်တစ်ဉီး ရွေးချယ်ဖို့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ပူးတွဲ အစည်းအဝေးကို မနေ့က ပြန်လည်စတင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သုံးလက ရွေးကောက်ပွဲကျင်းပပြီးနောက် ဝန်ကြီးချုပ်သစ်တစ်ဉီး ရွေးချယ်ဖို့ ထိုင်းလွှတ်တော်က သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ရပါတယ်။

အစည်းအဝေးမှာ Pheu Thai ပါတီခေါင်းဆောင် ချိုလ်နန်ဆရီကော်က လွှတ်တော်ရွေးကောက်ပွဲအတွက် ထိုင်းရွေးကောက်ပွဲကော်မရှင်မှာ ပါတီက မှတ်ပုံတင်ထားတဲ့ ဝန်ကြီးချုပ်လောင်းသုံးဉီးအနက် တစ်ဉီးဖြစ်တဲ့ ဆရီ သာသာဗီဆင်းကို အဆိုပြုခဲ့ပါတယ်။

အဆိုပြုတဲ့ အခြားဝန်ကြီးချုပ်လောင်းမရှိတာကြောင့် ထိုင်းလွှတ်တော်ဥက္ကဌ ဝမ်မူဟမ်မက်နူမာသာက ဆရီသာသာဗီဆင်းကို တစ်ဉီးတည်းသော ဝန်ကြီးချုပ်လောင်းအဖြစ် ကြေညာခဲ့ပါတယ်။

လွှတ်တော်မှာ ၅ နာရီကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ထိုင်းလွှတ်တော်အမတ် ၇၀၃ ဉီးက ဝန်ကြီး ချုပ်သစ်တစ်ဉီး ရွေးချယ်ဖို့ မဲပေးခဲ့ပါတယ်။

ဆရီသာသာဗီဆင်းဟာ ထိုင်းနိုင်ငံရဲ့ ၃၀ ဉီးမြောက် ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့မဲ ၃၇၅ မဲကို ကျော်လွန် ရရှိခဲ့ပြီး အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ ၁၅၀ ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Pheu Thai ပါတီ ခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ ဆရီသာသာဗီဆင်းဟာ မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလအတွင်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

ဆရီသာသာဗီဆင်းဟာ အစိုးရသစ်တစ်ရပ် စတင်ဖွဲ့စည်းဖို့ Pheu Thai ပါတီဉီးဆောင်တဲ့ ၁၁ ပါတီ ညွန့် ပေါင်းအဖွဲ့ကို ပူးပေါင်းမှာဖြစ်ပါတယ်။

ကိုးကား – Vietnam Plus
Ref; Srettha Thavisin elected Thailand’s new prime minister

#Ayeyarwaddy_Times